မဲဆောက်မြို့

August 1, 2021

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပိတ်မိနေသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများ နေရပ်ပြန်ခွင့်ရ

ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြန်မာပြည်ကိုပြန်မယ့်  ရွှေ့ပြောင်းလုပ်သားတွေကို      တစ်လကျော်ကြာ ပိတ်ထားတဲ့ပြီးနောက် သြဂုတ် ၁ ရက်နေ့မှာပြန်လည်စတင်လက်ခံနေပါတယ်။

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)ကနေ   ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀၀ လောက်ကို  ဒီကနေ့ စတင် တင်လွဲပြောင်းပေးတာဖြစ်ပြီး ဒီအထဲက ကရင်ပြည်နယ် နေထိုင်သူအတွက်ကတော့ ကိုဗစ်ကူးစက်မှုရှိမရှိ  ၁၀ ရက်တာစောင့်ကြည့်ခံရမှာဖြစ်ပါတယ်။

ကျန်သူတွေဟာလည်း သူတို့နေထိုင်ရာ သက်ဆိုင်ရာ ဒေသတွေရှိ ကိုဗစ်စောင့်ကြည့်စင်တာတွေမှာ ၁၄ ရက်နေထိုင်ကြရမှာဖြစ်ပါတယ်။ 

ထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(၂)မှာ တစ်ရက်ခြား တစ်ရက်ကလျှင် အယောက် ၂၀၀ လက်ခံသွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇  ရက်နေ့က စပြီး မြန်မာဘက်က နေရပ်ပြန်ရွှေပြောင်းအလုပ်သမား လက်ခံတာကို  ရပ်ဆိုင်းခဲ့တဲ့အတွက်  ထိုင်းနယ်စပ်မဲဆောက်မြို့မှာ ရွှေ့ပြောင်းအလုပ်သမား ၈၀၀ လောက်  သောင်တင်ဒုက္ခရောက်ကြပြီး  အချုပ်ခန်းမှာလည်း ကျန်းမာရေးအစောင့်ရှောက်မှု အဆင်မပြေတာနဲ့  ကိုဗစ်ကူးစက်မယ့်အန္တရာယ်နဲ့ ကြုံနေကြရပါတယ်။

3 months Ago

July 21, 2021

ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်-၁၉ ကူးစက်ခံရသဖြင့် မယ်တော်ဆေးခန်းကို ယာယီပိတ်

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တစ်ဘက်ကမ်း မဲဆောက်မြို့အခြေဆိုက် ရွှေ့ပြောင်းအလုပ်သမားများ ကျန်းမာရေးအတွက် အားကိုးရတဲ့  မယ်တော်ဆေးခန်းမှာ ကိုဗစ်ပိုးကူးစက်မှုတွေ့ရှိလို့  ယာယီပိတ်ထားပါတယ်။ 

မယ်တော်ဆေးခန်းမှာ ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး ဆေးကုပေးနေတဲ့  ဆရာ ဆရာမတွေ ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဆေးခန်းပိတ်ထားရကြောင်း၊ ဆေးခန်းမှာ မဲဆောက်မြို့အနှံ့ ဆေးလာကုတဲ့  သူတွေများတဲ့အတွက် ဘယ်နေရာမှာ ကိုဗစ် ကူးစက်ခံရတယ်ဆိုတာ မသိရသေးပါဘူး။

ထိုင်းအခြေစိုက် မယ်တော်ဆေးခန်းမှာ ဆေးကုသပေးတဲ့ ဆရာ/မ အယောက် ၂၀၀ ကျော်တဲ့အနက် အယောက် ၉၀ လောက် ကိုဗစ်ကူးစက်ခံပြီး ဆေးခန်းပြင်ပမှာ  နေထိုင်တဲ့  ဆရာ/မတွေ လူနေဆောင်နဲ့ တန်းလျားကိုလည်း လူအဝင်အထွက် ပိတ်ထားပါတယ်။

မယ်တော်ဆေးခန်းမှာ အခြားသူနာပြုနဲ့ ဆရာဝန်တွေလည်း ကာကွယ်ဆေးထိုးထားပေမယ့် ကိုဗစ်ကူးစက်ခံရတာကြောင့် ဆေးခန်းကို ဇူလိုင် ၂၅ ရက်နေ့မှ ပြန်လည်ဖွင့်နိုင်မယ်လို့ သိရပါတယ်။

3 months Ago
More News
Up