မဲဆန္ဒရှင်ပြည်သူ

November 8, 2020

ခန္တီးမြို့တွင် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်ကျန်းမာရေး စည်းကမ်းနှင့်အညီမဲပေး  

ခန္တီးမြို့ နားမေတ္တာမဲရုံမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုဝင်ဘာ ၈ ရက်နေ့ မနက်က မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးနေကြပါတယ်။ ရာနဲ့ချီနဲ့မဲဆန္ဒရှင်တွေဟာ မဲရုံမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ် စည်းကမ်းချက်များနဲ့အညီ လာရောက်မဲပေးနေကြပါတယ်။ ခန္တီးမြို့နယ်မှာ မဲရုံပေါင်း ၃၄ ရုံနဲ့ ဆန္ဒမဲပေးခွင့်ရှိသူ ၃၁,၃၈၄ ခန့်ရှိပြီး နိုင်ငံရေးပါတီ ၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၃၉ ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ အခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲပေးကြသူတွေဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် မဲပေးသူ ၅၀၀ လောက် ပိုမိုများတယ်လို့ ခန္တီးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံးက သိရပါတယ်။ ဆန္ဒမဲပေးသူတွေ စိတ်အေးချမ်းမြေ့စွာပေးနိုင်ဖို့ မဲရုံတွေတိုင်းမှာ လုံခြုံရေးကိုလည်း ရဲနဲ့ စေတနာ့ဝန်ထမ်းတွေက တာဝန်ယူထားပါတယ်။ သတင်း၊ ဓာတ်ပုံ- အောင်ဆန်းမြင့်
1 year Ago

ကျိုက်ထိုမြို့ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးမှုမြင်ကွင်း (ဓာတ်ပုံ)

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့ပေါ် ရပ်ကွက်တချို့က မဲရုံတွေမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်တွေ ဒီနေ့မနက် ဆန္ဒမဲ လာရောက်ပေးနေကြပါတယ်။ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကျိုက်ထိုမြို့နယ်အတွင်း မဲရုံပေါင်း ၉၅ ရုံနဲ့ ဆန္ဒမဲပေးနိုင်သူ ၁၃၈,၃၆၆ ဦးရှိပြီး နိုင်ငံရေးပါတီပေါင်း ၆ ခုက ကိုယ်စားလှယ်ပေါင်း ၁၇ ဦးက ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်လောင်း ဒေါက်တာအေးဇံက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ယူမင်းစိုး
1 year Ago
Up