မဲဆန္ဒနယ်

November 14, 2020

ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ်အားလုံး အန်အယ်လ်ဒီပါတီ အနိုင်ရရှိ

နိုဝင်ဘာလ ၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၆ မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အန်အယ်လ်ဒီ) က အနိုင်ရတယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေကြီးက တိုင်းရင်းသား မဲဆန္ဒနယ်အပါအဝင် မဲဆန္ဒနယ် ၉၂ နေရာ ရှိပြီး မဲဆန္ဒနယ်အားလုံးမှာ အန်အယ်လ်ဒီပါတီက အနိုင်ရရှိခဲ့တာလို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။ "တိုင်းရင်းသား နေရာတွေမှာလည်း အန်အယ်လ်ဒီက နိုင်ပါတယ်။ တိုင်း ၁၊ တိုင်း ၂ နဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်မှာလည်း အန်အယ်လ်ဒီကပဲ အနိုင်ရပါတယ်။"  ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း အန်အယ်လ်ဒီပါတီက မဲဆန္ဒနယ် ၉၂ နေရာအနက် ပြည်သူ့လွှတ်တော် ၂၅ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၂၃ နေရာအပြင် ကရင်နဲ့ ရခိုင် တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်အပါအဝင် မဲဆန္ဒနယ် ၈၈ နေရာမှာ စံချိန်တင် အနိုင်ရကာ အစိုးရဖွဲ့နိုင်ခဲ့တာပါ။ ဧရာဝတီတိုင်းမှာ ပါတီပေါင်း ၂၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၅၀၀ ကျော်နဲ့ တသီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်း ၁၇ ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တယ်လို့ ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ မှတ်တမ်းတွေ အရသိရပါတယ်။ သတင်း - မင်းထက်မုန်း(ပုသိမ်)
10 months Ago

August 3, 2020

ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ရခိုင်အမျိုးသားပါတီ ဝင်ပြိုင်မည်

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ (ANP) ကနေ ရခိုင်ပြည်နယ်ထဲမှာ မဲဆန္ဒနယ် အားလုံး ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သြဂုတ် ၂ ရက်နေ့က  သတင်းထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကိုတော့ ပြည်သူ့တွေနဲ့ ရင်ဘတ်ချင်းနီးပြီး ပြည်သူ့တွေရဲ့ဆန္ဒကို စွမ်းစွမ်းတမံ ပြည်သူ့ကိုယ်စား ဆောင်ရွက်ပေးနိုင်သူ၊ ပညာတတ်ပြီး ပါတီအပေါ်မှာ သံယောဇဉ်ရှိသူတွေကို အဓိထားရွေးချယ်ထားတယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) အထွေထွေအတွင်းရေးမှူး ပြောခွင့်ရသူ ဦးထွန်းအောင်ကျော်က ပြောပါတယ်။  အခုရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ ကိုယ်စားလှယ်လောင်းအသစ်တွေ အများစုပါဝင်နေတယ်လို့ ဆိုပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ (ANP)  ကနေ ပြည်သူ့လွှတ်တော် အတွက် မဲဆန္ဒနယ်  ၁၇ နေရာ၊  အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၁၂ နေရာနဲ့ ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် ၃၄ နေရာ အပြည့်ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။  ရန်ကုန်တိုင်းမှာတော့ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ၁ နေရာနဲ့ ဧရာဝတီတိုင်းမှာ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။  ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ်တွေနဲ့ အမျိုးသမီးတွေ ပါဝင်ပေမယ့် အများစုကတော့ အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် တိုင်းရင်းသားပါတီတစ်ချို့က ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ထုတ်ပြန် တာတွေရှိနေပေမယ့် ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီတစ်ချို့ကတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ ထုတ်ပြန်တာတွေမရှိသေးပါဘူး။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို သြဂုတ် ၇ ရက်နေ့ နောက်ဆုံးထား တင်သွင်းဖို့ ထုတ်ပြန်ထားတယ်။
1 year Ago
More News
Up