မဲစာရင်း လာကြည့်သူ နည်းပါး

February 5, 2017

လှိုင်သာယာတွင် ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်း လာကြည့်သူ နည်းပါး

လှိုင်သာယာမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကပ်ထားတာ ၅ ရက်ရှိလာဖြစ်ပေမယ့် လာရောက်ကြည့်ရှုသူ နည်းပါးနေသေးတယ်လို့ လှိုင်သာယာမြို့နယ်အတွင်းက ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေက ပြောပါတယ်။ မဲစာရင်းမကပ်ခင် ညဘက်ကတည်းက ရပ်ကွက်အတွင်းမှာ လိုက်လံကြော်ငြာနှိုးဆော်ထားပေမယ့် ခုချိန်ထိလာကြည့်သူနည်းနေသေးတယ်လို့ လှိုင်သာယာမြို့နယ် ၉ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးပြေစိန်ကပြောပါတယ်။ လှိုင်သာယာမြို့နယ်အတွင်းမှာ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၃ သိန်းကျော်ရှိပြီး မှားယွင်းပြင်ဆင်တာတွေ ရှိနိုင်တဲ့အတွက် ဒုတိယအကြိမ်မဲစာရင်းထွက်မှသာ မဲပေးနိုင်သူဦးရေကို အတိအကျသိနိုင်မယ်လို့ လှိုင်သာယာမြို့နယ်ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။ ဧပြီ ၁ ရက် ကျင်းပ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၉ ခုအတွက် ပါတီပေါင်း ၂၄ ခုက ကိုယ်စားလှယ်ပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
4 years Ago
Up