မဲ

A d v e r t i s e m e n t With Us

July 31, 2020

စာတိုက်ကပို့သည့်မဲများ ပြဿနာဖြစ်မည်ကို စိုးရိမ်ဟု အမေရိကန်သမ္မတပြော

၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို  မရွှေ့ဆိုင်းလိုပေမယ့်  စာတိုက်ကပို့တဲ့ မဲတွေကြောင့် ပြဿနာဖြစ်မှာကို စိုးရိမ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။   ရွေးကောက်ပွဲ  ရွှေ့ဆိုင်းဖို့   အကြံပြုပြီး  နာရီပိုင်းအကြာ ဇူလိုင် ၃၀ ရက် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ ထရမ့်က “ကျနော်က ခင်ဗျားတို့ထက်ပိုပြိး ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ရလဒ်ကို  ပိုလိုလားတယ်” လို့  ပြောဆိုခဲ့ပါတယ်။   “ရွေးကောက်ပွဲကို ၃ လ လောက် စောင့်ပြီး နောက်တော့  မဲတွေအကုန်လုံး ပျောက်နေတာကို သိရတာ မလိုလားဘူး။ ဒါဆိုရင် ရွေးကောက်ပွဲဟာ အဓိပ္ပာယ်မှ မရှိဘူး” လို့   သမ္မတ ထရမ့်က ပြောပါတယ်။   မကြာသေးခင်က မီဒီယာ သတင်းတွေမှာ ဖော်ပြတဲ့ စာတိုက်ကနေနေ ပေးပို့တဲ့ မဲတွေ  အရောက်နောက်ကျဖွယ်ရှိတဲ့ ပြဿနာတွေကို   သမ္မတ  ထရမ့်က ကိုကားပြောဆိုပါတယ်။    အဲဒီ ပြသနာကို ဖြေရှင်းဖို့ဆိုရင်   သီတင်းပတ်ချီ၊ လချီ၊ နှစ်ချီပြိးတောင် ကြာနိုင်တယ်လို့ ထရမ့်က ပြောပါတယ်။   ဒါ့အပြင် ကလိမ်ကကျစ် ရွေးကောက်ပွဲကို  မလိုလားဘူးလို့ ဆိုပါတယ်။   ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ  ၃ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားပါတယ်။ 
7 months Ago

August 13, 2019

၂၀၂၀ မှာ အသက် (၁၈) နှစ်ပြည့်မယ့် မြန်မာလူငယ်တွေ မဲလာပေးကြမလား (ရုပ်သံ)

ဒီဗွီဘီက ထုတ်လွှင့်နေတဲ့ ၂၀၂၀ ရွေးကောက်ပွဲ အထူးအစီအစဉ်ထဲက အစီအစဉ်တခု ဖြစ်တဲ့ စဉ်းစဉ်းစားစား မဲတပြားအစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေ မဲဆန္ဒရှင်တွေရဲ့ သဘောထား စတာတွေကို အပတ်စဉ် တင်ဆက်ပေးနေပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း သန်း ၄၀ လောက်ရှိမယ်လို့ ခန့်မှန်းနိုင်ပြီးတော့ လူဘယ်လောက် မဲလာပေးမလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အထူးသဖြင့် အသက် (၁၈) နှစ်ပြည့်ပြီးတော့ ပထမဆုံး မဲလာပေးမယ့်လူငယ် ၅ သန်း မဲလာပေးကြမလား ဆိုတာက စောင့်ကြည့်ရမယ့် ကိစ္စရပ် ဖြစ်နေပါတယ်။ ‘ ရုပ်သံသတင်းမှာ အပြည့်အစုံ ကြည့်ရှုနိုင်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ၂၀၂၀ မွာ အသက္ (၁၈) ႏွစ္ျပည့္မယ့္ ျမန္မာလူငယ္ေတြ မဲလာေပးၾကမလား (႐ုပ္သံ) ဒီဗြီဘီက ထုတ္လႊင့္ေနတဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲ အထူးအစီအစဥ္ထဲက အစီအစဥ္တခု ျဖစ္တဲ့ စဥ္းစဥ္းစားစား မဲတျပားအစီအစဥ္ ျဖစ္ပါတယ္။ ဒီအစီအစဥ္ကေန ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ အရပ္ဘက္ အဖြဲ႕အစည္းေတြရဲ႕ လႈပ္ရွားမႈေတြ မဲဆႏၵရွင္ေတြရဲ႕ သေဘာထား စတာေတြကို အပတ္စဥ္ တင္ဆက္ေပးေနပါတယ္။ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ ျမန္မာႏိုင္ငံမွာ ဆႏၵမဲေပးခြင့္ရွိသူေပါင္း သန္း ၄၀ ေလာက္ရွိမယ္လို႔ ခန႔္မွန္းႏိုင္ၿပီးေတာ့ လူဘယ္ေလာက္ မဲလာေပးမလဲ ဆိုတာကလည္း စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။ အထူးသျဖင့္ အသက္ (၁၈) ႏွစ္ျပည့္ၿပီးေတာ့ ပထမဆုံး မဲလာေပးမယ့္လူငယ္ ၅ သန္း မဲလာေပးၾကမလား ဆိုတာက ေစာင့္ၾကည့္ရမယ့္ ကိစၥရပ္ ျဖစ္ေနပါတယ္။ ‘ ႐ုပ္သံသတင္းမွာ အျပည့္အစုံ ၾကည့္ရႈႏိုင္ပါတယ္။
2 years Ago
More News
Up