မေ ၃၀ အောက်မေ့ဖွယ် အခမ်းအနား

A d v e r t i s e m e n t With Us

May 30, 2020

ကိုဗစ်ကပ်ရောဂါကြောင့် ဒီပဲယင်း မေ ၃၀ အောက်မေ့ဖွယ် အကျဉ်းချုံးပြုလုပ်

ကိုဗစ်-၁၉ ရောဂါကြောင့် မေ ၃၀ ဒီပဲယင်း အရေးအခင်း ၁၇ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ဒီပဲယင်းမြို့နယ်၊ ကြည်ရွာမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအောက်မေ့ဖွယ်အခမ်းအနားကို လက်ရှိဖြစ်ပွားနေဆဲ ကိုဗစ်ကပ်ရောဂါကြောင့် မြို့နယ် NLD ပါတီဝင်အနည်းငယ်နဲ့သာ အကျဉ်းချုံးပြုလုပ်ခဲ့ကြတာပါ။ ဒီပဲယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်သောင်းနိုင်က “မြို့နယ်ကိုဗစ်ကော်မတီကို အခမ်းအနားအတွက် တင်ပြတော့ မြို့နယ်ကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ပြုလုပ်ဖို့ခွင့်ပြုပေမယ့် တိုင်းပါတီကနေ ပါတီရဲ့ညွှန်ကြားချက်တွေကို လိုက်နာဖို့ အရေးပေါ်ညွှန်ကြားလာတဲ့အတွက် အကျဉ်းချုံးပဲ ပြုလုပ်ခဲ့ပါတယ်” လို့ ပြောပါတယ်။ ဒီပဲယင်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းက “မေ ၃၀ မှာ နှစ်စဉ်လုပ်နေကျဖြစ်တဲ့ ပန်းခွေချနဲ့ ဆွမ်းကပ်ကလေးတော့ EC ၈ ယောက်‌ကနေ ရေစက်ချပြီးတော့ ပန်းခွေချတာလေး လုပ်တယ်။ ဘုန်းကြီးဆွမ်းကပ်ပြီး ပိုတဲ့ အစားအသောက်တွေကို ကွာရင်တင်းစင်တာမှာ သွားလှူနေပါတယ်” လို့ ပြောပါတယ်။ မေ ၃၀ အောက်မေ့ဖွယ်အနေနဲ့ ဆရာတော် သံဃာတော်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားတဲ့အတိုင်း Social Distancing နဲ့ ဆွမ်းကပ်လှူဒါန်းတာ၊ အရေးအခင်းမှာ သေဆုံးသွားကြသူတွေကို အမျှအတန်းပေးဝေတာ၊ အခင်းဖြစ်ပွားရာနေရာမှာ လွမ်းသူ့ပန်းခွေချတာတွေကို ပြုလုပ်ခဲ့ပါတယ်။ စိုင်ပြင်မြို့ကနေ အောက်မေ့ဖွယ် အခမ်းအနား သွားရောက်ခဲ့သူ ဦးဖိုးခိုက “မနှစ်ကတော့ အခမ်းအနားနဲ့ စည်စည်ကားကား လုပ်တာပေါ့။ ဒီနှစ်တော့ ရောဂါကြောင့်‌မို့ ကျနော် သွားတဲ့အချိန်မှာ လူ ၂၀ လောက်ပဲ တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။ အရင်နှစ်တွေမှာတော့ NLD ပါတီဗဟိုက မုံရွာအောင်ရှင်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်လေ့ရှိပြီး အမှတ်တရစကားတွေ ဟောပြောခဲ့ကြပါတယ်။  ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ ဒီပဲယင်းအရေးအခင်းမှာ လူပေါင်းများစွာ သေဆုံးခဲ့ကြရပါတယ်။ သေဆုံးသူတွေအတွက် ပေးဆပ်ခဲ့ရတဲ့ အသက်သွေးချွေးတွေက အခုအချိန်ထိတော့ တန်တယ်လို့ ပြောမရသေးဘူးလို့လည်း အရေးအခင်းမှာ ပါဝင်ခဲ့သူတဦးက ပြောဆိုခဲ့ပါသေးတယ်။
9 months Ago
Up