မေးမြန်းဆဲ

August 27, 2020

စီရော်နယ်ဒိုက ယူနိုက်တက်အကြောင်း မေးမြန်းဆဲဟု ဖာနန်ဒက်စ်ပြော

စီရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အခြေအနေကို ခုချိန်အထိ မေးမြန်း နေဆဲဖြစ်တယ်လို့ ဘရူနိုင်ဖာနန်ဒက်စ်က ပြောပါတယ်။  ပေါ်တူဂီလက်ရွေးစင်အသင်းမှာ တွဲဖက်ကစားနေကြတဲ့ စီရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြသူတွေပါ။  မန်ယူနိုက်တက်အသင်းကို မပြောင်းရွှေ့ခင်ကတည်းက ယူနိုက်တက်အသင်းအကြောင်းကို စီရော်နယ်ဒိုက ပြောပြခဲ့တယ်လို့ ဖာနန်ဒက်စ်ကပြောပါတယ်။  ပြီးခဲ့တဲ့ဇန်နဝါရီလက မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ပြီးနောက်ပိုင်းမှာလည်း အသင်း နဲ့ မန်ချက်စတာမြို့ရဲ့အခြေအနေတွေကို စီရော်နယ်ဒိုနဲ့ စကားပြောတိုင်း မေးလေ့ရှိတယ်လို့ ဖာနန်ဒက်စ်က ပြောပါတယ်။
1 year Ago
Up