မော်လမြိုင် ပစ်ခတ်မှု

March 25, 2021

မော်လမြိုင် ပစ်ခတ်မှုတွင်ပြည်သူ ၂ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရ၊ ၂၀ ထက်မနည်း အဖမ်းခံရ

 မွန်ပြည်နယ် မော်လမြိုင်က ကျောင်းသား၊ ပြည်သူပါဝင်တဲ့ ပူးပေါင်းသပိတ်စစ်ကြောင်း ကို ရဲနဲ့စစ်တပ်က အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းခဲ့တာကြောင့် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူ  ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အယောက်  ၂၀ ထက်မနည်း အဖမ်းခံခဲ့ရပါတယ်။

အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသား၊ ပြည်သူ သပိတ်စစ်ကြောင်းကို မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက မော်လမြိုင် လမုတန်းဈေးအနီးမှာ ပစ်ခတ်ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။

ပူးပေါင်းသပိတ်စစ်ကြောင်း ပစ်ခတ် ဖြိုခွင်းခံခဲ့ရတဲ့အတွက်ကြောင့် ပြည်သူ ၂ ဦး ရာဘာ ကျည် ထိမှန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီးနောက် ကျောင်းသား၊ ပြည်သူ ၂၀ ထက်မနည်း ဖမ်းဆီးခံလိုက်ရပြီး အဲဒီထဲမှာ အမျိုးသမီး အများစု ပါဝင်သွားတယ်လို့ ဆန္ဒပြဦးဆောင်လူငယ်တွေ ဒီဗွီဘီကိုပြောပါတယ်။

အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ သပိတ်စစ်ကြောင်း ဖြိုခွင်းရာမှာ အသံဗုံး၊ ရာဘာကျည်တွေအပြင် ကျည်အစစ်‌တွေ သုံးပြီး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

8 months Ago
Up