မော်လမြိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း

April 1, 2021

မော်လမြိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ဖမ်းဆီးခံရ

မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌဟောင်း ကိုစန်းသိန်းဝင်း ကို အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့က နေအိမ်မှာ ‌လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

ကိုစန်းသိန်းဝင်းဟာ ဧပြီ ၁ ရက်  ညနေ ၃ နာရီလောက်မှာ မော်လမြိုင် ရွှေပြည်အေးရပ်က နေအိမ်ခဏ ပြန်လာစဉ် သတင်း‌ပေး ဒလန်တွေကြောင့် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုစန်းသိန်းဝင်းကို လာရောက် ဖမ်းဆီးစဉ်အကြမ်းဖက်စစ်အုပ်စုဟာ အင်အား ၄၀ ထက်မနည်း အသုံးပြုသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သမဂ္ဂဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်တဲ့ ကိုစန်းသိန်းဝင်းဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို နေ့စဉ်နဲ့အမျှ ဆန္ဒထုတ်ဖော်နေသူ ဖြစ်ပါတယ်။

8 months Ago
Up