မော်လမြိုင်သပိတ်

May 2, 2021

မော်လမြိုင်သပိတ်စစ်ကြောင်းကို စစ်တပ်က ပစ်ခတ်ဖြိုခွင်း၊ ၃ ဦး ဒဏ်ရာရပြီး ၁၀ ဦးခန့် ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မှာ မေ ၂ ရက်နေ့  မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာလမ်းပေါ်ထွက် ဆန္ဒပြတဲ့သပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြ ပြည်သူ ၃ ယောက် ရာဘာကျည်ဆန် ထိမှန် ဒဏ်ရာရရှိခဲ့သလို ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံလိုက်ရပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြပွဲ ပါဝင်သူတွေကို လိုက်လံဖမ်း‌ဆီးနေသလို မော်လမြိုင်မြို့ပေါ် ရပ်ကွက်အများစုမှာလည်း ပိတ်ဆို့စစ်ဆေး လုပ်ဆောင်နေပါတယ်။

7 days Ago
Up