မော်လမြိုင်လူငယ်များ

May 7, 2021

မော်လမြိုင်လူငယ်များရဲ့ ပြောက်ကျားသပိတ်

မွန်ပြည်နယ်၊ မော်လမြိုင်လူငယ်တွေဟာ မေလ ၇ ရက် မနက်ပိုင်းက အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ပြောက်ကျားသပိတ် ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တွေကတော့ အနာဂတ် မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုတည်ကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

မော်လမြိုင်မှာတော့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေဟာ ဆန္ဒထုတ်ဖော်နေတဲ့ လူငယ်တွေ နေ့ရောညပါ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်ပါတယ်။

တဘက်မှာတော့ အာဏာသိမ်း အကြမ်းဖက် စစ်‌ကောင်စီရဲ့ တပ်နဲ့ရဲတွေဟာ မြို့ပေါ်ရပ်ကွက်နေရာ အများစုမှာ ပိတ်ဆို့စစ်ဆေးတာတွေ ဆက်တိုက်လုပ်‌ဆောင်နေပါတယ်။

7 months Ago

May 5, 2021

မော်လမြိုင်လူငယ်များ စစ်အာဏာရှင်ကို ဆန္ဒဆက်ပြ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က လူငယ်တွေဟာ မေလ ၅ ရက် နေ့လယ်ပိုင်းမှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ပြောက်ကျားသပိတ် ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တွေကတော့ အာ‌ဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို အနိုင်မခံ အရှုံးမပေးဘဲ ဆက်လက်တော်လှန်သွားမယ်လို့ ပြောကြပါတယ်။

မော်လမြိုင်မှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေဟာ မြို့ပေါ်ရပ်ကွက်နေရာ အများစုမှာ ပိတ်ဆို့စစ်ဆေးတာတွေ ဆက်တိုက်လုပ်နေပါတယ်။

တဖက်မှာတော့ စစ်တပ်နဲ့ ရဲတွေဟာ မော်လမြိုင်မြို့ပေါ် ရပ်ကွက်နေရာအများစုမှာ ၅ ယောက် တစ်ဖွဲ့နှုန်းနဲ့ လုံခြုံရေး တိုးမြှင့်ချထားပါတယ်။

7 months Ago
More News
Up