မော်လမြိုင်လူငယ်

May 10, 2021

မော်လမြိုင်လူငယ်များ စစ်အာဏာရှင်ကို ဆက်လက်ဆန္ဒပြ

မွန်ပြည်နယ်၊ မော်လမြိုင်လူငယ်တွေဟာ မေလ ၁၀ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ပြောက်ကျားသပိတ် ပြုလုပ်ပြီး ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တွေကတော့ သူတို့ မျိုးဆက်မှာ စစ်အာဏာရှင် အမြစ်ပြတ်ရမယ်လို့ ကြွေးကြော် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မော်လမြိုင်မှာတော့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေဟာ ဆန္ဒပြပြည်သူတွေအပြင် အပြစ်မဲ့ပြည်သူတွေကို နေ့ရောညပါ ဝင်ရောက် ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

ဒါအပြင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေဟာ မြို့ပေါ်ရပ်ကွက်နေရာ အများစုမှာ လုံခြုံရေး ယူလာသလို ပိတ်ဆို့စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

6 days Ago

May 3, 2021

ဖမ်းဆီးခံ သတင်းသမားများကို ပြန်လွှတ်ရန် မော်လမြိုင်လူငယ်များ တောင်းဆို

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအနေနဲ့ ဖမ်းဆီးထားတဲ့ သတင်းသမားအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ မော်လမြိုင်လူငယ်တွေက မေ  ၃ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

လူငယ်တွေကတော့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးတဲ့ သတင်းမီဒီယာသမား‌တွေကို ကျေးဇူးတင်ကြောင်းနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ပေးဖို့ ‌တောင်းဆို ခဲ့တာပါ။ 

ဒီကနေ့ မေလ၃ ရက်နေ့ဟာ ကမ္ဘာသတင်းမီဒီယာလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းမီဒီယာသမား ၇၀ ကျော် ဖမ်းဆီးခံထားရသလို  သတင်းဌာန ၆ ခု လုပ်ငန်းပိတ်သိမ်းခံထားရပါတယ်။

2 weeks Ago
More News
Up