မော်လမြိုင်မြို့နယ်

May 13, 2021

မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း

မွန်ပြည်နယ်၊‌ မော်လမြိုင်မြို့နယ်ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မေလ ၁၃ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မော်လမြိုင်မြို့နယ် အတွင်းက ကျောင်းသား ပြည်သူ‌တွေ၊ တက်သိပညာရှင်တွေ၊ ရပ်မိရပ်တွေအပြင် စစ်အာဏာရှင်ကို တော်လှန်နေတဲ့ သူရဲကောင်းတွေနဲ့ စုစည်းပြီး ဖွဲ့စည်းခဲ့တာပါ။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဟာ ပြည်သူ‌တွေကို အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီး၊ သတ်ဖြတ်မှုမှ ကာကွယ်ဖို့အပါအဝင် စစ်အာဏာရှင် အပြီးပိုင်ချုပ်ငြိမ်းရေးအတွက် ဖွဲ့စည်းခဲ့တာ လို့ ဆိုပါတယ်။

မော်လမြိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒနဲ့ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

7 months Ago
Up