မော်လမြိုင်ပြည်သူ

May 23, 2021

သတင်ပေး ဒလန်များကို မော်လမြိုင်ပြည်သူများ သတိပေး

မွန်ပြည်နယ်၊ မော်လမြိုင်က ပြည်သူတွေဟာ မေလ ၂၃ ရက်နေ့မှာ သတင်းပေး ဒလန်တွေကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေက ဒလန်တွေအနေနဲ့ မိမိတို့ လုပ်ရပ်ကို အမြန်ဆုံး ရပ်ပြီး ပြည်သူတွေနဲ့ ပူးပေါင်းဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

မော်လမြိုင်မှာတော့ သတင်းပေး ဒလန်တွေကြောင့် ဆန္ဒပြပြည်သူတွေနဲ့ ကျောင်းသားတွေ နေ့စဉ်နီးပါး ဖမ်းဆီးခံနေရပါတယ်။

မွန်ပြည်နယ် တစ်ခုလုံးအနေနဲ့ လက်ရှိမှာ ဆန္ဒပြပြည်သူတွေနဲ့ ကျောင်းသား ၃၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

6 months Ago
Up