မော်လမြိုင်နည်းပညာတက္ကသိုလ်

April 2, 2021

အကြမ်းဖက်စစ်အုပ်စုနှင့်ပူးပေါင်းသည့် မော်လမြိုင်နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမ ၃၈ ဦး ကို ပြည်သူ့သစ္စာဖောက်အဖြစ် ကြေညာ

အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းတဲ့ နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမတွေကို ပြည်သူ့ သစ္စာဖောက်အဖြစ် မော်လမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသားထုက ကြေညာလိုက်ပါတယ်။

မော်လမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသားတွေဟာ CDM မပါသေးတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသားပြည်သူတွေနဲ့  ပူးပေါင်းပေးဖို့ အကြိမ်ကြိမ် တောင်းဆို တာလုပ်ဆောင်ပြီးနောက် အခုလို ထုတ်ပြန်လိုက်တာပါ။

ဧပြီ ၂ ရက်နေ့အထိ ထုတ်ပြန်မှုအရ Civil ၊ EC ၊ အင်္ဂလိပ်စာနဲ့ IT ဌာနက ပါမောက္ခ၊ ဌာနမှူးတွေ အပါအဝင် ဆရာ၊ ဆရာမ ၃၈ ဦးကို ပြည်သူ့ သစ္စာဖောက်အဖြစ် ကြေညာလိုက်တာပါ။

မော်လမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသားတွေဟာ အကြမ်းဖက် စစ်ကောင်စီကို လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တာတွေ လုပ်ဆောင်နေသလို ရတဲ့နည်းနဲ့ တော်လှန်နေကြတာပါ။

1 month Ago
Up