မော်လမြိုင်နည်းတက္ကသိုလ်

April 30, 2021

မော်လမြိုင်နည်းတက္ကသိုလ်၏ အမြင့်ဆုံးဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

အုပ်ချုပ်ရေးနဲ့ ပညာရေးဆိုင်ရာကိစ္စတွေ ဆုံးဖြတ်ဆောင်ရွက်ဖို့ မော်လမြိုင် နည်းပညာတက္ကသိုလ်ရဲ့ ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီကို ဧပြီ ၂၉ ရက်နေ့မှာ ဖွဲ့စည်းလိုက်တယ်လို့ မော်လမြိုင်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီအုပ်ချုပ်ရေးကောင်စီဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် မော်လမြိုင်နည်းပညာ တက္ကသိုလ်မှာ အမြင့်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ တက္ကသိုလ်အာဏာပိုင်အဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

တက္ကသိုလ် အုပ်ချုပ်ရေးကောင်စီမှာတော့ ကျောင်းသားများ သမဂ္ဂကိုယ်စားလှယ်တွေ၊ ဆရာများ သမဂ္ဂကိုယ်စားလှယ်တွေ၊ ကျောင်းသားဟောင်း ကိုယ်စားလှယ်တွေနဲ့ ပညာရပ်ဆိုင်ရာ ပါဝင်ထိုက်သူ တက်သိပညာရှင်တွေ ပါဝင်ပါတယ်။

တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီးနောက် စစ်ကောင်စီ သစ္စာခံပါမောက္ခ၊ ဌာနမှူးတွေနဲ့ ကျောင်းဆရာ၊ဆရာမတွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ အပါအဝင် ၎င်းတို့ ဖွဲ့စည်းထားတဲ့ ကော်မတီအရပ်ရပ်ကိုပါ အပြီးအပြတ် ရုတ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။

ဒီအုပ်ချုပ်ရေးကောင်စီဟာ ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ် ထူထောင်နိုင်ဖိုနဲ့ တက္ကသိုလ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် autonomy ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးကောင်စီဟာ မော်လမြိုင် နည်းပညာတက္ကသိုလ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်အဖြစ် ကြေညာနိုင်တဲ့ ပဋိညာဉ်ရေးဆွဲခြင်းကို မကြာမီကာလအတွင်း အကောင်အထည်ဖော် ရေးဆွဲကြေညာသွားမယ်လို့ ဆိုပါတယ်။

2 weeks Ago
Up