မော်လမြိုင်တက္ကသိုလ်

A d v e r t i s e m e n t With Us

July 12, 2020

မော်လမြိုင်တက္ကသိုလ်တွင် Quarantine ဝင်နေသည့် ထိုင်းကပြန်လာသူ ၁ ဦး ထွက်ပြေး

မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် ဘားအံအဆောင်မှာ အသွားအလာကန့်သတ်ထားတဲ့ နေရပ်ပြန်တဦး ဇူလိုင် ၁၁ ရက်နေ့က ထွက်ပြေးသွားတယ်လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက DVB ကို ပြောပါတယ်။ နေရပ်ပြန် မောင်စိန် ခေါ် ပေတလူးဟာ ဇူလိုင် ၇ ရက်နေ့မှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး မော်လမြိုင်တက္ကသိုလ်ရဲ့ ဘားအံအဆောင်မှာ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ထားတာပါ။ အဲဒီလိုစောင့်ကြည့်ထားချိန် ဇူလိုင် ၁၁ ရက်နေ့က သူ့ကို ကိုယ်အပူချိန်တိုင်းဖို့ သွားရောက်ချိန်မှာ ထွက်ပြေးသွားကြောင်း သိရှိခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ မစစ်ဆေးရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ နေရပ်ပြန်ရဲ့ မိသားစုဝင်တွေ နေထိုင်တဲ့ ရေးမြို့နယ်အပါအဝင် သူရဲ့ ဇာတိ ဖြစ်တဲ့ ပဲခူးတိုင်း သနပ်ပင်မြို့တို့ရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ ဦးဝေလင်းထွန်းက ပြောပါတယ်။
8 months Ago

December 21, 2019

မော်လမြိုင်တက္ကသိုလ်နှင့် အမေရိကန်တက္ကသိုလ်  ပညာရေးပူးပေါင်းဆောင်ရွက်ရန်လက်မှတ်ထို

မော်လမြိုင်တက္ကသိုလ်နဲ့ အမေရိကန် Purdue (ပါဂျုး) တက္ကသိုလ်တို့ အကြား ပညာရေး ကဏ္ဍ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။ မော်လမြိုင်မြို့ဟာ အမေရိကန်နိုင်ငံ အင်ဒီးရားနားပြည်နယ်က ဖို့ဒ်ဝိန်းမြို့နဲ့ မိတ်ဖက်မြို့ အဖြစ်ရပ်တည်နေခဲ့တာ ဖြစ်ပြီး အခုအခါ ညီအစ်မမြို့အနေနဲ့ ဆက်လက် ရပ်တည်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေတာပါ။  အခုလို ညီအစ်မမြို့အနေနဲ့ ဆက်လက် ရပ်တည်ဖို့ အရင်ဦးဆုံး အမေရိကန်နိုင်ငံ အင်ဒီးရားနားပြည်နယ်က ဖို့ဒ်ဝိန်းမြို့ရဲ့ Purdue တက္ကသိုလ် နဲ့ မော်လမြိုင် တက္ကသိုလ် နှစ်ခုအကြား ပညာရေး ကဏ္ဍအတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ဒီဇင်ဘာ ၁၉ ရက်က မော်လမြိုင်တက္ကသိုလ်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ဖြစ်ပါတယ်။  အခုလို မော်လမြိုင်တက္ကသိုလ်နဲ့ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ နှစ်နိုင်ငံ တက္ကသိုလ်အကြား ပညာရေးကဏ္ဍမှာ အပြန်အလှန် လေ့လာတာတွေနဲ့ သုသေတနလုပ်ငန်းတွေ ပိုမို လုပ်ဆောင်လာနိုင်မယ်လို့ Purdue (ပါဂျုး)တက္ကသိုလ်အုပ်ချုပ်ရေးမှူး ရို့အက်စင်ဘာမားက ပြောပါတယ်။ Purdue(ပါဂျုး)တက္ကသိုလ်နဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက်ကြောင့် မော်လမြိုင် တက္ကသိုလ်အနေနဲ့ ဘာသာစကားပညာရပ်တွေမှာ ပိုမိုအကျိုးရှိလာနိုင်တယ်လို့ မော်လမြိုင် တက္ကသိုလ် ဒုပါမောက္ခချုပ် ဒေါက်တာ မီမီစိန်က ပြောပါတယ်။ မော်လမြိုင်တက္ကသိုလ်ဟာ အခုအခါမှာတော့ ဘာသာရပ် ၁၅ ခုကို သင်ကြားနေပြီး အမေရိကန် Purdue တက္ကသိုလ်ကတော့ ဘာသာရပ်ပေါင်း ၂၀၀ ကျော်ကို ဖွင့်လှစ် သင်ကြားပေးနေပါတယ်။ အခုလို တက္ကသိုလ် နှစ်ခု လက်မှတ်ရေး ထိုးနိုင်ခဲ့တဲ့အတွက် ခရီးသွားလုပ်ငန်းအပြင် စီးပွားရေးဆိုင်ရာလုပ်ငန်းတွေမှာ အခွင့်အလမ်းတွေ ပိုမို ရရှိလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။  ဇော်လွင်ထွဋ် 
1 year Ago
Up