မော်လမြိုင်ကျွန်းမြို့နယ်

October 6, 2022

မော်လမြိုင်ကျွန်းမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့မှာ အောက်တိုဘာ ၅ ရက် ညနေပိုင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး ဒေသခံတွေက ပြောပါတယ်။

အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦးခင်မောင်ကြည်ဟာ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ်  အမည်မသိ သေနတ်သမားအဖွဲ့က သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတဦးက “အုပ်ချုပ်ရေးမှူးက လက်ဖက်ရည်ဆိုင် ထိုင်နေတာ။ အဲဒါကို သေနတ်နဲ့ နှစ်ချက်ပစ်သွားတယ်။ ပွဲချင်းပြီး သေတယ်။ ဘယ်သူပစ်တာလဲ ဆိုတာတော့ ကျနော်လည်း မသိဘူး” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့တဲ့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည်ဟာ   စစ်ကောင်စီ ဒေါက်တိုင် သတင်းပေး ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ဧရာဝတီတိုင်းစစ်ဒေသခွဲရဲ့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဧရာဝတီလင်းပိုင်အဖွဲ့၊ ဘိုကလေး PDF နဲ့ မော်ကျွန်း ပကဖ အဖွဲ့တို့ ပူးပေါင်းကာ သုတ်သင်ရှင်းလင်းခဲ့တာလို့ ဧရာဝတီ လင်းပိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

2 months Ago

November 10, 2021

မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် ပစ်ခတ်ခံရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီလက်အောက်ခံ  ပြည်သူ့စစ်ခေါင်းဆောင် တယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

စစ်တပ်သတင်းပေး ပြည်သူ့စစ်ခေါင်းဆောင် ကိုကျော်တင့်ဆိုသူကို ခုတင် ၅၀ ဆေးရုံရှေ့မှာ သေနတ်နဲ့ ပစ်ခတ် သတိပေးခဲ့တာလို့   ဧရာဝတီလင်းပိုင်းအဖွဲ့ဝင်တဦးက ပြောပါတယ်။ 

“အဲ့လူက ဒလန် ကျနော်တို့စောင့်ကြည့်နေတာကြာပါပြီ သေချာစောင့်ကြည်ပြီးမှ သတိပေးတာပါ။ ဒေသခံ ပြည်သူတွေကို‌ ခြိမ်းခြောက်တာတွေ လုပ်နေတာ။”

ကိုကျော်တင့်ကို  မော်ကျွန်း၊ ဝါးခယ်မမြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ဧရာဝတီလင်းပိုင်းအဖွဲ့ပေါင်းပြီး ပစ်ခတ် သတိပေးခဲ့တာလို့ သိရပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ကိုကျော်တင့်ကို အခွင့်ရေးရပေမဲ့ အသေပစ်မသတ်ပဲ သတိပေးတဲ့အနေနဲ့သာ လုပ်ခဲ့တာဖြစ်ပြီး ရှေ့ဆက် လုပ်မယ်ဆိုရင်တော့ အသေပစ်သတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခံရပြီးနောက် ကိုကျော်တင့် ကို စစ်တပ်က လာရောက်ခေါ်ဆောင်ခဲ့ပြီး  ဆေးရုံကို ပို့ဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း  စစ်အုပ်စုခန့် ရပ်ကျေးစာရေး တယောက်  သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါသေးတယ်။

1 year Ago
Up