မော်ရွှေချိုင်ကမ်းခြေ

December 30, 2020

ဂွမြို့နယ် မော်ရွှေချိုင်ကမ်းခြေတွင် သဘာဝသန္တာကျောက်တန်းများ စတင်ဖြစ်ပေါ်နေ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မော်ရွှေချိုင်ကမ်းခြေမှာ သဘာဝသန္တာကျောက်တန်းတွေ စတင်ပေါ်ပေါက်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။ ဂွမြို့နယ်မှာ ဂွကမ်းခြေ၊ လောင်ကျိုးကမ်းခြေ၊ ကမ်းသာယာကမ်ခြေ၊ ဆပ်သွားကမ်းခြေ၊ မော်ရွှေချိုင်၊ ကမ်းခြေနဲ့ ကြွေချိုင်ကမ်းခြေတို့ရှိတဲ့အထဲမှာ မော်ရွှေချိုင်ကမ်းခြေမှာ သဘာဝသန္တာကျောက်တန်းတွေ စတင်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ဒေသခံကို ကိုချမ်းငြိမ်းအောင်က  "မနှစ်လောက်ကတည်းကတော့ တွေ့မိပါတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ သိပ်သတိမထားမိကြဘူးပေါ့။ တခြားနေရာတွေမှာလည်း ရှိရင်ရှိနေမှာပေါ့။'' လို့ ပြောပါတယ်။ အဆိုပါသဘာဝသန္တာကျောက်တန်းများကို သွားရောက်ကြည့်ခဲ့တဲ့ ဒေသခံ ကိုကျော်ကျော်က "ဒီလို သဘာဝသန္တာကျောက်တန်းတွေ စတင်ပေါ်လာတာကတော့ ဒေသအတွက် ဝမ်းသာစရာကြီးပါ။ ဒါပေမဲ့ ဒေသခံတွေရော တာဝန်ရှိတဲ့သူတွေပါ အသိစိတ်နဲ့ ထိန်းသိမ်း စောင့်ရှောက်ဖို့ တော့လိုအပ်ပါတယ်။''လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာလည်း ဒီရေကျသွားချိန် သဘာဝသန္တာကျောက်တန်းတစ်ခုကို ပြီးခဲ့တဲ့ မေ ၂၄ ရက်က စတင်တွေ့ရှိ ခဲ့ပါတယ်။ Photo - Kaung Mrat Naing / MPA
10 months Ago
Up