မော်ရင်ဟိုနှင့် လမ်းပတ်

July 19, 2020

VAR ကူပြီး ကံကောင်းနေဟု မော်ရင်ဟိုနှင့် လမ်းပတ်တို့၏စကားကို ဆိုးလ်ရှား တုံ့ပြန်

မန်ချက်စတာယူနိုက်တက်အသင်းဟာ တခြားအသင်းတွေထက် ကံပိုကောင်းပြီး VAR ရဲ့မျက်နှာသာ ပေးမှုကိုလည်း ပိုမိုရရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို နည်းပြဆိုးလ်ရှားက ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ VAR ဆုံးဖြတ်ချက်ကြောင့် အသာရရှိမှုနဲ့ ပင်နယ်တီရရှိမှု အ များဆုံးဟာ ယူနိုက်တက်ပဲဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာလည်း လင်ဒီလော့ဖ်က ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို သိသိသာသာ အပြစ်ကျူးလွန်ခဲ့ပေမဲ့ ပင်နယ်တီမပေးခဲ့ရဘဲ ပဲလေ့စ်ဘက်က ဂိုးတစ်ဂိုးဟာလည်း လူကျွံလို့ ပယ်ဖျက်ခံခဲ့ရပါတယ်။  ဒီအခြေအနေမှာ ချဲလ်ဆီးနည်းပြ လမ်းပတ်က ယူနိုက်တက်ကို အခွင့်အရေးဖြစ်စေခဲ့တဲ့ VAR ဆုံးဖြတ်ချက်တချို့ကို မေးခွန်းထုတ်ခဲ့ပြီး စပါးနည်းပြမော်ရင်ဟိုကလည်း ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲမှာ ကံအသာစီးရရှိထားတယ်လို့ ပြောခဲ့ပါတယ်။  ဒါပေမယ့် ဒီပြောစကားတွေကို ဆိုးလ်ရှားကငြင်းဆန်ခဲ့ပြီး သူ့အသင်းဟာ တခြားအသင်းတွေလိုပဲ VAR ကြောင့် အသာရရှိတာ မရှိဘူးလို့ဆိုပါတယ်။  ဆိုးလ်ရှားက "ဒီအကြောင်းကိုနာရီနဲ့ချီကြာအောင် ရှင်းပြနိုင်ပါတယ်။ အခုပုံစံအရဆိုရင် နောက်ကြောင်း ပြန်ရမလိုပါပဲ။ လူတွေက အဆုံးအဖြတ်ပေးတဲ့ အရာတွေအပေါ် လွှမ်းမိုးချင်နေပုံရပါတယ်။ ဒါပေမယ့် လူတွေက ကံတရားအကြောင်းကိုပြောကြပြီး ကျနော်တို့က ကံပိုကောင်းနေတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် လူကျွံနေတယ်ဆိုရင်တော့ ဒါဟာ လူကျွံဘောပဲဖြစ်မှာပါ။ ကျနော်တို့အသင်းဟာညေ်း ကွင်းထဲမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဆုံးရှုံးခဲ့ရတာရှိပါတယ်" လို့ ပြန်ဖြေခဲ့ပါတယ်။  ဆိုးလ်ရှားက ဆောက်သမ်တန်နဲ့ သရေကျတဲ့ပွဲမှာ ဂရင်းဝုဒ်ကို ပြစ်ဒဏ်ကျူးလွန်တဲ့ ရိုမီယို အထုတ်မခံရခြင်း၊ ဝက်စ်ဟမ်းနဲ့ပွဲမှာ နိုဘယ်အထုတ်မခံရတာတွေကို ထောက်ပြပြောဆိုခဲ့ပြီး ဒီအခြေအနေတွေမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ပြိုင်ဘက်ကစားသမားတွေသာ အထုတ်ခံခဲ့ရမယ်ဆိုရင် ရလဒ်တွေဟာလည်း ပြောင်းလဲသွားနိုင်တယ်လို့ပြောပါတယ်။  “ဒီအခြေအနေတွေကို ကြည့်မယ်ဆိုရင် ကျနော့်အနေနဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အမှားတွေနဲ့ ပတ်သက်ပြီး စောဒကတက်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကိစ္စမှာ နောက်ကြောင်းပြန်ရမှာတွေ ရှိတယ်လို့ပြောခဲ့တာပါ။ တခြားသူတွေက ဘာပဲပြောနေပြောနေ ကျနော်တို့ကတော့ ကစားပွဲတွေကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါဟာ ပြောလို့ ကောင်းတဲ့ အကြောင်းအရာမဟုတ်တဲ့အတွက် ရှည်ရှည်ဝေးဝေးတွေ  ပြောမနေချင်ပါဘူး။”
10 months Ago
Up