မော်ဒယ် ဆယ်မာအူဆီနီ

February 15, 2020

အာဖဂန်တွင် ‘Mr. and Miss Valentine’ ဖက်ရှင်ရှိုး ကျင်းပ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ ဖေဖော်ဝါရီ ၁၄ ရက်က ‘Mr. and Miss Valentine’ ဖက်ရှင်ရှိုးကို ကျင်းပခဲ့ပြီး မော်ဒယ် ဆယ်မာအူဆီနီကို အာဖဂန်ရဲ့ပထမဆုံး ‘Miss Valentine’ဆု ချီးမြှင့်ခဲ့ပါတယ်။  စီစဉ်သူနဲ့ မော်ဒယ်အေဂျင်စီ တည်ထောင်သူက “ဖက်ရှင်ပွဲလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ဟာ ကဘူးလ်မှာ တွေ့လေ့တွေ့ထ မရှိတဲ့ ဖက်ရှင်ပွဲကို ပထမဆုံး ကျင်းပတာ ဖြစ်သလို ဒုတိယအနေနဲ့ ဗယ်လင်တိုင်းနေ့မှာ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှု အသွေးအရောင်ကို ဖော်ထုတ်တာဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။   ဖက်ရှင်ပွဲမှာ ဘမ်မာယန်ပြည်နယ်က အသက် ၂၀ အရွယ် ဆယ်မာအူဆီနီက ‘Miss Valentine’ ဆုကို ရခဲ့ပါတယ်။  Miss Valentine ဆယ်မာက   “ချစ်ခြင်းမေတ္တာဟာ ဆန့်ကျင်ဘက်လိင်တွေအတွက်သာ မဟုတ်ဘဲ ကိုယ့်မိသားစုနဲ့ ကိုယ်အနုပညာအပေါ်မှာလည်း ချစ်မြတ်နိုးနိုင်တယ်”လို့ ပြောခဲ့ပါတယ်။  ဆယ်မာက သူဟာ မော်ဒယ်အနုပညာနဲ့ ဗယ်လင်တိုင်းနေ့ ကျင်းပတာကို မြတ်နိုးတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒီဖက်ရှင်ပွဲမှာ ‘Mr. Valentine’ ဆုကိုတော ဟယ်မန့်ပြည်နယ်က အသက်  ၂၃ နှစ်အရွယ် မော်ဒယ် ဆယ်ရိဒ်ဂျာလစ်ဆယ်မီက ရခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
2 years Ago
Up