မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
ဒီဗွီဘီသတင်းလွှာ
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
ဒီဗွီဘီသတင်းလွှာ
x
Search
မော်တော်ကားအရောင်းပြပွဲ
Home
မော်တော်ကားအရောင်းပြပွဲ
March 9, 2020
1.5K
မန္တလေးမြို့တွင် CarsDB Auto Show Mandalay 2020 မော်တော်ကားအရောင်းပြပွဲ ကျင်းပ
CarsDB Auto Show Mandalay 2020 မော်တော်ယာဉ် အရောင်းပြပွဲကို မန္တလေးကွန်ဗန်းရှင်းစင်တာမှာ မတ် ၆ ရက်နေ့က ၃ ရက်တိုင် ကျင်းပနေပါတယ်။
ဒီပွဲမှာကား Brand ၁၅ ခုလောက် ပါဝင်ပြသထားတဲ့အပြင် တပတ်ရစ်ကားတွေကိုလည်း ပြသထားပါတယ်။
ကားထုတ်လုပ်သူတွေ၊ ဖြန့်ဖြူးရောင်းချသူတွေ၊ ကားနဲ့ ဆက်စပ်လုပ်ငန်းတွေ၊ မော်တော်ယာဉ် အရစ်ကျ ဝယ်ယူနိုင်တဲ့ ဘဏ်နဲ့ အာမခံလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ကားသစ်၊ တပတ်ရစ်ကားတွေနဲ့ မော်တော်ယာဉ်နဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေကို တနေရာတည်း ရရှိနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံက မော်တော်ယာဉ်လုပ်ငန်းစုကြီးကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
Cars DB ရဲ့ Operation Manage ကိုမျိုးသီဟက “ကား brand တွေ အသစ်တွေ၊နောက်ပြီးတော့ တပတ်ရစ်ကားတွေ၊ ပြီးရင် ကားနဲ့ပတ်သက်တဲ့ necessary ပစ္စည်းတွေ၊ insurance တွေ၊ ပြီးတော့ financingတွေ ပေါ့နော်၊ အဲဒါတွေ အကုန်လုံးကို တနေရာတည်းမှာ တစုတစည်းတည်းနဲ့ အချိန်ကုန်သက်သာစွာ ကြည့်ရှုလေ့လာ ဝယ်ယူနိုင်မယ်။ ပြီးတော့ ကျနော်တို့ပွဲမှာဆိုရင် ထူးခြားချက်အနေနဲ့ စိတ်ကြိုက် စမ်းသပ်မောင်းနှင်နိုင်တဲ့ အခွင့်အရေးတွေလည်း ရရှိမယ်။ ကားတစီးကို ဝယ်မယ်ဆိုရင် မိမိ ကြိုက်လား မကြိုက်လား၊ မိမိနဲ့ အဆင်ပြေလား မပြေလားဆိုတာ ဒါ စိတ်ကြိုက်စမ်းသပ်မောင်နှင်ပြီးမှ ဝယ်တာ ပိုပြီးတော့ အဆင်ပြေတဲ့အတွက်ကြောင့်မို့ ကျနော်တို့က အဲဒီရည်ရွယ်ချက်တွေနဲ့ ဒီပွဲတွေကို ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်” လို့ပြောပါတယ်။
ဒီပွဲမှာ သက်ဆိုင်ရာ ကား Brands တွေက ပရိုမိုးရှင်းတွေ ပေးထားတဲ့အပြင် ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ကာ အရစ်ကျ ဝယ်ယူလိုသူတွေအတွက် ၁၀ ရာခိုင်နှုန်း Down Payment နဲ့ ၀ယ်ယူရရှိနိုင်အောင် ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို ကားအမျိုးအစား အသစ်တွေလည်း ပိုဝင်ရောက်လာနေပြီး အစိုးရကလည်း အားပေးတဲ့အတွက် Brand New ကားတွေကို ဆက်လက်မြင်ရလာနိုင်မယ်လို့ ဆိုပါတယ်။
JAGUAR ကုမ္ပဏီရဲ့ မြန်မာနိုင်ငံ ဈေးကွက်တာဝန်ခံ ကိုညိုသွေးက “အရင်ကထက်စာရင် ပိုပြီးတော့ဖွံ့ဖြိုးလာတယ်၊ brand တွေလည်း အများကြီးဆိုတော့ လူတွေလည်း choice လုပ်စရာ အများကြီးပေါ့၊ ပြီးတော့ ဒီလို auto show တွေလည်းရှိတော့ auto show မှာ တခါတည်း လာကြည့်ပြီး ဝယ်လို့ရတယ်၊ အဲဒီအပြင် မီဒီယာကဏ္ဍတွေကလည်း အများကြီး တိုးတက်လာတော့ မီဒီယာတွေက အင်တာဗျူးတွေ၊ နောက် ကား review တွေ အဲဒီဟာတွေ လုပ်ပေးတဲ့ခါကျတော့ ဝယ်တဲ့သူတွေလည်း အရင်ခေတ်တုန်းကလို တခြားလူတွေကို ပေးရတာမျိုး မဟုတ်တော့ပဲ ဒါတွေကိုပဲ လေ့လာပြီး ကိုယ်တိုင်ဝယ်လို့ရတော့ ကောင်းပါတယ်ဗျ” လို့ ပြောပါတယ်။
ကားပြပွဲမှာ Brand New ကားအသစ်အမှတ်တံဆိပ်တွေဖြစ်တဲ့ BAIC၊ DFSK၊ FORD၊ GAC၊ JETOUR၊ CHANGHE၊ HYUNDAI၊ ISUZU၊ JAGUAR၊ LAND ROVER၊ MAZDA၊ MERCEDES-BENZ၊ MITSUBISHI၊ MORRIS GARAGES (MG)၊ NISSAN၊ SUZUKI၊ VOLVO ကားတွေကို ပြသထားတာဖြစ်ပြီး စမ်းသပ်မောင်းနှင်ခွင့်လည်း ပေးထားပါတယ်။
Cars DB က ကျင်းပတဲ့ ကားအရောင်းပြပွဲတွေကို ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ၈ ကြိမ်ကျင်းပခဲ့ပြီး မြို့ကြီးတွေမှာ အလှည့်ကျ ကျင်းပပြသဖို့ရှိတယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း
2 years Ago
© Copyright 2021 DVB Designed and Developed by
Digit X Myanmar
.
Up