ပီရူးနိုင်ငံမှာ ပြီးခဲ့တဲ့တပတ်က မိုးသဲသဲမဲမဲ ရွာပြီးနောက် မြေပြိုလို့ အိမ်တွေ၊ တံတားတွေနဲ့ မော်တော်ကားတွေ တော်တော်များများ ပျက်စီးခဲ့ပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တွေမှာ ပီရူးနိုင်ငံမြောက်ပိုင်း ဟွမ်ကာဘမ်ဘာပြည်နယ်က လမ်းမတွေတလျှောက် အရှိန်နဲ့ စီးကျလာတဲ့ရေတွေဟာ လမ်းတွေ အိမ်တွေကို တိုက်စားနေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
နေအိမ် ၁၀ လုံးနဲ့ တံတားအစင်းရေ တော်တော်များများ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။
ဆိုးရွားတဲ့ ရာသီဥတုဖြစ်စဉ်အတွင်း သေဆုံးသူမရှိဘဲ ထိခိုက်ဒဏ်ရာရသူတွေဟာလည်း ဆေးကုသမှု ခံယူနေကြပါတယ်။
အဲဒီဒေသက မြစ်ချောင်းတွေမှာ ရေတွေ ပြည့်လျှံလာတာကြောင့် လူပေါင်း ၃၀၀ လောက်ဟာလည်း အဆက်အသွယ်တွေ ပြတ်တောက်သွားခဲ့ရပါသေးတယ်။
လက်ရှိမှာတော့ မြေပြိုမှုဖြစ်တဲ့နေရာမှာ ကယ်ဆယ်ရေးအဖွဲ့တွေက အကြီးစား စက်ယန္တရားတွေကို သုံးပြီး ရှင်းလင်းရေး လုပ်နေပါတယ်။
3 years Ago