မော်စကိုတရားရုံး

December 25, 2021

Google ဌာနကို မော်စကိုတရားရုံးက အမေရိကန်ဒေါ်လာ ၉၈ သန်း ဒဏ်ငွေတပ်

ရုရှားမြို့တော် မော်စကိုက တရားရုံးက အယ်လ်ဖှာဘတ် နိုင်ငံတကာကော်ပိုရေးရှင်းရဲ့ Google ဌာနကို အမေရိကန် ဒေါ်လာ ၉၈ သန်း ဒဏ်ငွေတပ်လိုက်တယ်လို့ ဒီဇင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။

ရုရှားက တရားမဝင်ဘူးလို့ ယူဆတဲ့ အကြောင်းအရာတွေကို ပယ်ဖျက်ဖို့ ထပ်ခါတလဲလဲ ပျက်ကွက်တဲ့အတွက် ရုရှားမှာ ပထမဆုံးအနေနဲ့ ဒဏ်ငွေတပ်တာလို့လည်း ဆိုပါတယ်။

ရုရှားအစိုးရဟာ ဒီနှစ်ထဲမှာ ကြီးမားတဲ့ နည်းပညာကုမ္ပဏီတွေအပေါ် ဖိအား ပိုတိုးပေးခဲ့တာပါ။ ဝေဖန်သူတွေကတော့ ဒါဟာ အင်တာနက်အပေါ် ပိုတင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ ရုရှား အာဏာပိုင်တွေရဲ့ ကြိုးစားမှုလို့ သတ်မှတ်ကြပါတယ်။

ဒါဟာ လူတယောက်ချင်းနဲ့ ကော်ပိုရိတ်လုပ်ငန်းကြီးတွေရဲ့ လွတ်လပ်ခွင့်ကို ချုပ်ခြယ်ဖို့ ခြိမ်းခြောက်မှုလို့လည်း သူတို့က ပြောကြပါတယ်။

11 months Ago

January 18, 2021

ရုရှားအစိုးရ ဝေဖန်သူ နာဗယ်ညီ၏ဖောင်ဒေးရှင်းအဖွဲ့ဝင် ထောင်ဒဏ်ချမှတ်ခံရ

ရုရှားအစိုးရကို ဝေဖန်သူ အလက်ဇီနာဗယ်ညီ တည်ထောင်ထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဖောင်ဒေးရှင်းရဲ့ အဖွဲ့ဝင် ပါဗယ်လ်ဇေလန်စကီကို မော်စကို တရားရုံးက ဖေဖော်ဝါရီ ၂၈ ရက်ထိ ထောင်ဒဏ်ကျခံဖို့ ဇန်နဝါရီ ၁၆ ရက်မှာ စီရင်လိုက်ပါတယ်။ အင်တာနက်ပေါ်မှာ အစွန်းရောက်ဝါဒ လှုံ့ဆော်မှုစွဲချက်တွေနဲ့ သူ့ကို ထောင်ချလိုက်တာလို့ တရားရုံးရဲ့ ကြေညာချက်က ဆိုပါတယ်။ ရုရှားကို နာဗယ်လ်ညီ ပြန်လာဖို့ တရက်အလိုမှာ ပါဗယ်လ်ဇေလန်စကီကို ပရက်နန်စကီ ခရိုင်တရားရုံးက ချုပ်နှောင်ထားဖို့ အမိန့်ချခဲ့တာပါ။ နာဗယ်ညီကတော့ သြဂုတ်လမှာ အဆိပ်ခတ်ခံရအပြီး ဂျာမနီမှာ သွားရောက် ကုသခံနေခဲ့ရပါတယ်။ ဇေလန်စကီဟာ တရားဝင်လာဘ်စားမှုလို့ ခေါ်တဲ့ သက်ရောက်မှုကြီးတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပုံနှိပ်ထုတ်ဝေရာမှာ အထူးပြုတဲ့ ဖောင်ဒေးရှင်းအတွက် ကင်မရာသမားလည်း ဖြစ်ပါတယ်။ တချို့ ပစ်မှတ်တွေဟာ အငြင်းပွားစရာ ဖြစ်ပြီး တရားဥပဒေအရ အောင်အောင်မြင်မြင် အရေးယူနိုင်ခဲ့ပါတယ်။ ဇေလန်စကီကို သောကြာနေ့က ဖမ်းခဲ့တယ်။ အခုတော့ ဇေလန်စကီဟာ တရားရုံး စစ်ချက် မထုတ်ခင် အချိန်တလ ထိန်းသိမ်းခံရလိမ့်မယ်လို့ မော်စကို အခြေစိုက် လူ့အခွင့်အရေးအုပ်စု အာဂိုရာရဲ့ အကြီးအကဲက လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။
2 years Ago
Up