မော်ချီးသတ္တုတွင်း

April 4, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မော်ချီးသတ္တုတွင်း ကဘ-၃၂ ပိတ်

COVID–19 ကူးစက်မှု ဂယက်ကြောင့် ကယားပြည်နယ် မော်ချီးသတ္တုတွင်းထဲက တခုဖြစ်တဲ့ ကဘ-၃၂ (ခေါ်)  အမှတ် ၃၂ သတ္တုကျင်းကို ဧပြီလ ၂ ရက်နေ့ကစပြီး ပိတ်လိုက်ပါတယ်။ COVID–19 ရောဂါဖြစ်ပွားမှုကာကွယ်ရေး လူစုလူဝေး ရှောင်ကြဉ်တဲ့အနေနဲ့ ကဘ-၃၂ တခုလုံး ပိတ်လိုက်တာလို့ ကျင်းတာဝန်ခံတဦးက ပြောပါတယ်။ “လုပ်ကွက် ၅၀၊ ၆၀ ရှိတဲ့အထဲမှာ ၂၀ လောက်ပဲ အလုပ်လုပ်တော့တယ်။ အခုတော့ ဒီည အကုန်လုံး သော့ခတ်ပြီးပိတ်မယ်။” ကဘ-၃၂ ဟာ လိုခါးလိုကျေးရွာနားရှိတာကြောင့် ကျေးရွာလူထုတွေအနေနဲ့ ရောဂါပြန့်ပွားမှုမရှိစေရေး အဓိကထားပြီး  ကျင်းတာဝန်ရှိသူတွေက ဧပြီလ ၂ ရကနေ ၃၀ ရက်နေ့အထိ တလပိတ်ထားမယ်လို့ ပြောပါတယ်။ ကဘ-၃၂ မှာ တရားဝင်အမည်ပေါက် လုပ်ကွက် ၄၀ ကျော်ရှိပြီး အမည်မပေါက်သေးတဲ့ လုပ်ကွက် ၂၀ ကျော်ရှိနေပါတယ်။  မော်ချီးသတ္တုတွင်းထွက် ခဲမဖြူအဖြိုက်နက်တွေကို တရုတ်လုပ်ငန်းရှင်တွေ အဓိက ဝယ်ယူနေခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဖေဖော်ဝါရီလကုန်လောက်ကတည်းက ခဲတွေ ဝယ်ယူမှုမရှိတဲ့အတွက် ခဲဈေးတွေ ကျခဲ့ပါတယ်။ အရင်က  ခဲသန့် ၁ ပိဿာကို မြန်မာ ကျပ်ငွေ  ၂၀၀၀၀  အထိပေါက်ပြီး ဒီနောက်ပိုင်းမှာ ခဲသန့် ၁ ပိဿာကို မြန်မာကျပ်ငွေ ၁ သောင်းကျော် ကျသွားတဲ့အပြင် ဝယ်ယူသူမရှိတော့တဲ့အတွက် လုပ်ကွက်တဝက်ကျော် လုပ်ငန်းရပ်နားထားခဲ့ရပါတယ်။ ဒါ့အပြင် နေ့စဉ် လက်လုပ်လက်စားသမားတွေ၊ နေ့စဉ် ခဲဝယ်ယူပြီး ပြန်ရောင်းတဲ့ လက်လုပ် လက်စားသမားတွေလည်း အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး ကျပ်တည်းနေကြတယ်လို့ သိရပါတယ်။
2 years Ago

August 31, 2019

မော်ချီးသတ္တုတွင်းတွင် မြေစာပုံပြိုကျ၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်း ကဘ ၃၂ အမှတ် ၃ ကျင်းအတွင်းက လုပ်ကွက်တခုမှာ ဒီကနေ့မနက်ပိုင်းက  မြေစာပုံဟောင်း ပြိုကျခဲ့လို့ ကျင်းလုပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။  ဒီကနေ့ မနက် ၈ နာရီလောက် အဆိုပါလုပ်ကွက်အတွင်း အလုပ်ဝင်လုပ်ရာကနေ မတော်မဆမှု ဖြစ်ပွားခဲ့တာလို့ ကျင်းတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ “သူက ကျင်းပြိုတာ မဟုတ်ဘူး။ အပေါက်ဟောင်းနဲ့တိုးတော့ လူများ စားပြီးသားနေရာဖြစ်မှာပေါ့။ ရေတွေ လှောင်ထားတဲ့နေရာ သွားတိုးတာ။ အဲဒီမှာ ရေဝိတ်နဲ့ မြေဇာဝိတ်နဲ့ ဖိကျလာတော့ လူကို ထိတာပဲလေ။ အမှန်တော့ ကျတဲ့နေရာက သတ်သတ်ပဲ၊ ဒါပေမဲ့ အဲနေရာထောင့်က လူပေါ် ပြုတ်ကျသွားတယ်။ တယောက်တော့ ပွဲချင်းပြီးလို့ ပြောရမှာပေါ့၊ ပြန်ထွက်လာတော့ ရေးရေးလေးပဲ ကျန်တော့တာကော။ ဒဏ်ရာရတဲ့ ၂ ယောက်ကို မော်ချီးဆေးရုံ ပို့ထားတယ်” မော်ချီးသတ္တုတွင်း လုပ်ကွက်တွေမှာ မကြာခဏ မတော်တဆမှုတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ ရှိနေပါတယ်။  မော်ချီးသတ္တုတွင်း ကဘ ၃၂ အမှတ် ၃ ကျင်းအတွင်းမှာ လုပ်ကွက် ၄၀ ခန့်ရှိပါတယ်။  မနေ့ညကလည်း  ၉ နာရီလောက်ကလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မော်ချီးသတ္တုတွင်း အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားတဲ့ ၁၃ ကုန်း မြောက်ဘက် KB1 ကျောက်တောင်ဘက်မှာ တောင်ပြိုကျခဲ့လို့ လူနေအိမ်တချို့နဲ့  ကျေးရွာသုံး သောက်သုံးရေပေါက် ပျက်စီးသွားခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေမာ္ခ်ီးသတၱဳတြင္းတြင္ ေျမစာပုံၿပိဳက်၍ ၁ ဦးေသ၊ ၂ ဦးဒဏ္ရာရ ကယားျပည္နယ္၊ ဖားေဆာင္းၿမိဳ႕နယ္ ေမာ္ခ်ီးသတၱဳတြင္း ကဘ ၃၂ အမွတ္ ၃ က်င္းအတြင္းက လုပ္ကြက္တခုမွာ ဒီကေန႔မနက္ပိုင္းက  ေျမစာပုံေဟာင္း ၿပိဳက်ခဲ့လို႔ က်င္းလုပ္သား ၁ ဦး ေသဆုံးၿပီး ၂ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။ ဒီကေန႔ မနက္ ၈ နာရီေလာက္ အဆိုပါလုပ္ကြက္အတြင္း အလုပ္ဝင္လုပ္ရာကေန မေတာ္မဆမႈ ျဖစ္ပြားခဲ့တာလို႔ က်င္းတာဝန္ရွိသူတဦးက ဒီဗြီဘီကို ေျပာပါတယ္။ “သူက က်င္းၿပိဳတာ မဟုတ္ဘူး။ အေပါက္ေဟာင္းနဲ႔တိုးေတာ့ လူမ်ား စားၿပီးသားေနရာျဖစ္မွာေပါ့။ ေရေတြ ေလွာင္ထားတဲ့ေနရာ သြားတိုးတာ။ အဲဒီမွာ ေရဝိတ္နဲ႔ ေျမဇာဝိတ္နဲ႔ ဖိက်လာေတာ့ လူကို ထိတာပဲေလ။ အမွန္ေတာ့ က်တဲ့ေနရာက သတ္သတ္ပဲ၊ ဒါေပမဲ့ အဲေနရာေထာင့္က လူေပၚ ျပဳတ္က်သြားတယ္။ တေယာက္ေတာ့ ပြဲခ်င္းၿပီးလို႔ ေျပာရမွာေပါ့၊ ျပန္ထြက္လာေတာ့ ေရးေရးေလးပဲ က်န္ေတာ့တာေကာ။ ဒဏ္ရာရတဲ့ ၂ ေယာက္ကို ေမာ္ခ်ီးေဆး႐ုံ ပို႔ထားတယ္” ေမာ္ခ်ီးသတၱဳတြင္း လုပ္ကြက္ေတြမွာ မၾကာခဏ မေတာ္တဆမႈေတြျဖစ္ၿပီး ထိခိုက္ဒဏ္ရာရ ေသဆုံးတာေတြ ရွိေနပါတယ္။ ေမာ္ခ်ီးသတၱဳတြင္း ကဘ ၃၂ အမွတ္ ၃ က်င္းအတြင္းမွာ လုပ္ကြက္ ၄၀ ခန႔္ရွိပါတယ္။ မေန႔ညကလည္း  ၉ နာရီေလာက္ကလည္း မိုးအဆက္မျပတ္ ႐ြာသြန္းမႈေၾကာင့္ ေမာ္ခ်ီးသတၱဳတြင္း အႏၲရာယ္ဇုန္အျဖစ္ သတ္မွတ္ထားတဲ့ ၁၃ ကုန္း ေျမာက္ဘက္ KB1 ေက်ာက္ေတာင္ဘက္မွာ ေတာင္ၿပိဳက်ခဲ့လို႔ လူေနအိမ္တခ်ိဳ႕နဲ႔  ေက်း႐ြာသုံး ေသာက္သုံးေရေပါက္ ပ်က္စီးသြားခဲ့ပါတယ္။
2 years Ago
Up