မော့ဆက်စ်

January 25, 2020

ချဲလ်ဆီး တောင်ပံကစားသမား မော့ဆက်စ်ကို အင်တာမီလန် ခေါ်ယူ

အင်တာမီလန်အသင်းဟာ ချဲလ်ဆီးကစားသမား ဗစ်တာမော့ဆက်စ်ကို အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ ချဲလ်ဆီးတောင်ပံကစားသမား မော့ဆက်စ်ဟာ တူရကီကလပ် ဖီနာဘာချီအသင်းမှာ အငှား ကစားနေတာဖြစ်ပြီး အင်တာမီလန်အသင်းဆီကို အငှားစာချုပ်နဲ့ပဲ ဆက်ပြီး ပြောင်းရွှေ့ခဲ့တာပါ။ အင်တာမီလန် ကစားသမား ဖြစ်လာတဲ့အတွက် ဂုဏ်ယူကျေနပ်မိပြီး အသင်းအတွက် ကစားပေးဖို့ မစောင့်နိုင်တော့ကြောင်းလည်း မော့ဆက်စ်က စာချုပ်ချုပ်အပြီးမှာ ပြောပါတယ်။  အသက် ၂၉ နှစ်ရှိ နိုင်ဂျီးရီးယားသား မော့ဆက်စ်ကို ပေါင် ၈ ဒသမ ၅ သန်းနဲ့ ရာသီကုန်မှာ အပြီးသတ်ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။ မော့ဆက်စ်ဟာ ဖီနာဘာချီနဲ့ တနှစ်ခွဲကာလမှာတော့ စုစုပေါင်း ၅ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ အင်တာမီလန်နည်းပြ ကွန်တီဟာ  ဗစ်တာမော့ဆက်စ်နဲ့ ချဲလ်ဆီးအသင်းမှာ နှစ်ရာသီကြာ အတူလက်တွဲခဲ့ဖူးပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားနဲ့ အက်ဖ်အေဖလားတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
1 year Ago
Up