အင်တာမီလန်အသင်းဆီကို အဲရစ်ဆင် ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ စပါးနည်းပြ မော်ရင်ဟိုက ငြင်းဆန်လိုက်ပါတယ်။
စပါးအသင်းကွင်းလယ်လူ အဲရစ်ဆင်ဟာ အီတလီကလပ် အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။
အီတလီသတင်းစာတွေရဲ့ အဆိုအရတော့ အဲရစ်ဆင်ရဲ့အေးဂျင့်ဟာ အင်တာမီလန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပေါင် ၁၂ သန်းနဲ့ ခေါ်ယူဖို့ ဆွေးနွေးခဲ့တယ်လို့ သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။
စပါးနည်းပြ မော်ရင်ဟိုကတော့ အဲရစ်ဆင် အသင်းပြောင်းရွှေ့မှာ မဟုတ်ကြောင်း ဆိုခဲ့ပြီး အံ့အားသင့်စရာ သတင်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။
အဲရစ်ဆင်ဟာ အသင်းအတွက် ခြေစွမ်းပြနိုင်ဖို့ ကြိုးပမ်းနေပြီး တာဝန်ယူမှုမရှိတဲ့ သတင်းတွေအပေါ်မှာ အံ့အားသင့်မိတယ်လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
1 year Ago