မောင်​​တောမြို့တွင်​ မိုင်း ၂ လုံး​ပေါက်​ကွဲ၊ ဒေသခံများ စိုးရိမ်နေ

August 26, 2019

မောင်​​တောမြို့တွင်​ မိုင်း ၂ လုံး​ပေါက်​ကွဲ၊ ဒေသခံများ စိုးရိမ်နေ

ရခိုင်ပြည်နယ် မောင်​​တောမြို့မှာ သြဂုတ်​ ၂၅ ရက်​​နေ့ ည ၈ နာရီ ​ကျော်​လောက်က​ မိုင်း ၂ လုံး​ ပေါက်​ကွဲခဲ့​တယ်လို့ ​မောင်​​တောခရိုင် ​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူး ဦးစိုး​အောင်​က အတည်​ပြု​ ပြောကြားပါတယ်​။ "၃ လုံးမဟုတ်​ပါဘူး။ ၂ လုံးပါ စစ်​တပ်​ ယာဉ်​တန်း​ကျော်​ပြီးမှ ကွဲတာပါ။ ထိခိုက်​မှုတော့ မရှိပါဘူး။ ဘယ်​သူ​ထောင်​တာလဲဆို​တော့ ​အေ​အေအဖွဲ့​ပေါ့ဗျာ။ အာဆာက​တော့ ဒီ​နေရာကို ​ရောက်​မလာနိုင်​ပါဘူး။ လက်​ရှိ လုံခြုံ​ရေးအ​နေအထားက ပုံမှန်​​ဆောင်​ရွက်​လျက်​ပါ"လို့ ပြောပါတယ်​။ မိုင်း​ပေါက်​ကွဲတာနဲ့ပတ်​သတ်​ပြီး ရခိုင်​တပ်​မ​တော်​ ​အေ​အေဘက်​ကို ဖုန်းဆက်​သွယ်​ မေးမြန်းခဲ့​ပေမယ့်​ ဆက်​သွယ်​မှု မရရှိခဲ့ပါဘူး။ ​ကိုယ်​​တွေ့ကြုံခဲ့ရတဲ့ ကိုမဲ့​မောင်​က​တော့ "ကျနော့်​ကားက အငူ​မော်​က ​ပြန်​လာတာပါ။ ၃ မိုင်​အ​ရောက်​မှာ စစ်​တပ်​က ကား ၁၀ စီး​လောက်​ တန်းပြီးရပ်​တန့််ထားပါတယ်​။ အချိန်​ကလည်း ၈ နာရီ​ကျော်​ပြီဆို​တော ၁၄၄ ညမထွက်​ရအမိန့်နဲ့ လမ်းကိုဖြတ်​သွားခွင့်မရမှာစိုးပြီး စစ်​တပ်​က ကားတန်းကို ​ကျော်​တက်​ပြီး​ ​ကားကို မောင်းလာခဲ့ပါတယ်​။ ၃ မိုင်​စစ်​​ဆေး​ရေးဂိတ်​ အလွန်​ တံတားငယ်​အနားရောက်​တဲ့အချိန်​မှာ ညာဘက်​က တ​လုံးစ​ပေါက်​တယ်​။ ကားကို ဘယ်​ဘက်​ကို ဆွဲ​မောင်း​တော့ ဘယ်​ဘက်​က ​၂ လုံး ဆက်​ ပေါက်​ပြန်​တယ်​။ ပြင်းအားနည်း​တော့ ကားက ဘာမှထိခိုက်​မူမရှိခဲ့ပါဘူး။ ကားကို ဘူး​သီးတောင်​အ​ရောက် ​​အမြန်​ဆုံး​မောင်းလာခဲ့ပါတယ်​။ ဒီမိုင်းက စစ်​တပ်​ကားတန်းကို မိုင်းဆွဲဖို့ ကြံရွယ်​ထားတာလည်း ဖြစ်​နိုင်​ပါတယ်​။ စစ်​တပ်​ကားတန်း ကို ကျနော့်ကားက ​ကျော်​လာ​တော့ စစ်​တပ်​ကားထင်​ပြီး​ဖောက်​တာဖြစ်​နိုင်​တယ်​။ ​နောက်​တခုက စစ်​တပ်​ကားတန်းက မိုင်း​ပေါက်​မှာကိုကြိုသိလို့ ကား​တွေကို ရပ်​တန့်ထားတာလည်း ဖြစ်​နိုင်​ပါတယ်​” လို့ ​ပြောကြားပါတယ်​။ အခုပေါက်ကွဲတဲ့နေရာဟာ ၃ မိုင် နယ်ခြားစောင့် စစ်ဆေးရေးဂိတ်နဲ့  နယ်ခြားစောင့် တပ်ဖွဲ့ခွဲ (နခခ ၂) တပ်ရင်းကြားမှာ ဖြစ်ပါတယ်။ မောင်တောမြို့နယ် ဗောဓိကုန်းနဲ့ ရွှေရင်​အေး​ကျေးရွာကြား သြဂုတ် ၁၆ ရက်​​နေ့ ​နေ့လယ် ၁ နာရီ ၅၀ လောက်က မိုင်းဗုံးတလုံးပေါက်က်​ကွဲခဲ့သလို ဩဂုတ် ၁၁ ရက်နေ့ကလည်း ​မောင်​​တောမြို့နယ်​​တောင်​ပိုင်း ရွှေရင်​​အေး​ကျေးရွာအနီး ​​မောင်​​တောအငူ​မော်​ကားလမ်းမပေါ်မှာ မိုင်း​တ​လုံးပေါက်​ကွဲခဲ့ပါ​သေးတယ်​။ ပြီးခဲ့တဲ့ ၂ နှစ် သြဂုတ်​လ ၂၅ ရက်​​နေ့က ​မောင်​​တောမြို့နယ်​ရှိ နယ်​ခြား​စောင့်  စခန်း ၃၀​ ​ကျော်​ကို တပြိုင်နက် တိုက်​ခိုက်​ခဲ့တာကြောင့် အခု ၂၀၁၉ သြဂုတ်လ ၂၅ နေ့မှာလည်း မိုင်း ၂ လုံး ​ပေါက်​ကွဲတာကြောင့် ​မောင်​​တောဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ​ကောင်းကောင်း
ေမာင္​​ေတာၿမိဳ႕တြင္​ မိုင္း ၂ လုံး​ေပါက္​ကြဲ၊ ေဒသခံမ်ား စိုးရိမ္ေန ​ေကာင္းေကာင္း ရခိုင္ျပည္နယ္ ေမာင္​​ေတာၿမိဳ႕မွာ ၾသဂုတ္​ ၂၅ ရက္​​ေန႔ ည ၈ နာရီ ​ေက်ာ္​ေလာက္က​ မိုင္း ၂ လုံး​ ေပါက္​ကြဲခဲ့​တယ္လို႔ ​ေမာင္​​ေတာခ႐ိုင္ ​အ​ေထြ​ေထြအုပ္​ခ်ဳပ္​​ေရးမႉး ဦးစိုး​ေအာင္​က အတည္​ျပဳ​ ေျပာၾကားပါတယ္​။ "၃ လုံးမဟုတ္​ပါဘူး။ ၂ လုံးပါ စစ္​တပ္​ ယာဥ္​တန္း​ေက်ာ္​ၿပီးမွ ကြဲတာပါ။ ထိခိုက္​မႈေတာ့ မရွိပါဘူး။ ဘယ္​သူ​ေထာင္​တာလဲဆို​ေတာ့ ​ေအ​ေအအဖြဲ႕​ေပါ့ဗ်ာ။ အာဆာက​ေတာ့ ဒီ​ေနရာကို ​ေရာက္​မလာႏိုင္​ပါဘူး။ လက္​ရွိ လုံၿခဳံ​ေရးအ​ေနအထားက ပုံမွန္​​ေဆာင္​႐ြက္​လ်က္​ပါ"လို႔ ေျပာပါတယ္​။ မိုင္း​ေပါက္​ကြဲတာနဲ႔ပတ္​သတ္​ၿပီး ရခိုင္​တပ္​မ​ေတာ္​ ​ေအ​ေအဘက္​ကို ဖုန္းဆက္​သြယ္​ ေမးျမန္းခဲ့​ေပမယ့္​ ဆက္​သြယ္​မႈ မရရွိခဲ့ပါဘူး။ ​ကိုယ္​​ေတြ႕ႀကဳံခဲ့ရတဲ့ ကိုမဲ့​ေမာင္​က​ေတာ့ "က်ေနာ့္​ကားက အငူ​ေမာ္​က ​ျပန္​လာတာပါ။ ၃ မိုင္​အ​ေရာက္​မွာ စစ္​တပ္​က ကား ၁၀ စီး​ေလာက္​ တန္းၿပီးရပ္​တန္႔္ထားပါတယ္​။ အခ်ိန္​ကလည္း ၈ နာရီ​ေက်ာ္​ၿပီဆို​ေတာ ၁၄၄ ညမထြက္​ရအမိန္႔နဲ႔ လမ္းကိုျဖတ္​သြားခြင့္မရမွာစိုးၿပီး စစ္​တပ္​က ကားတန္းကို ​ေက်ာ္​တက္​ၿပီး​ ​ကားကို ေမာင္းလာခဲ့ပါတယ္​။ ၃ မိုင္​စစ္​​ေဆး​ေရးဂိတ္​ အလြန္​ တံတားငယ္​အနားေရာက္​တဲ့အခ်ိန္​မွာ ညာဘက္​က တ​လုံးစ​ေပါက္​တယ္​။ ကားကို ဘယ္​ဘက္​ကို ဆြဲ​ေမာင္း​ေတာ့ ဘယ္​ဘက္​က ​၂ လုံး ဆက္​ ေပါက္​ျပန္​တယ္​။ ျပင္းအားနည္း​ေတာ့ ကားက ဘာမွထိခိုက္​မူမရွိခဲ့ပါဘူး။ ကားကို ဘူး​သီးေတာင္​အ​ေရာက္ ​​အျမန္​ဆုံး​ေမာင္းလာခဲ့ပါတယ္​။ ဒီမိုင္းက စစ္​တပ္​ကားတန္းကို မိုင္းဆြဲဖို႔ ႀကံ႐ြယ္​ထားတာလည္း ျဖစ္​ႏိုင္​ပါတယ္​။ စစ္​တပ္​ကားတန္း ကို က်ေနာ့္ကားက ​ေက်ာ္​လာ​ေတာ့ စစ္​တပ္​ကားထင္​ၿပီး​ေဖာက္​တာျဖစ္​ႏိုင္​တယ္​။ ​ေနာက္​တခုက စစ္​တပ္​ကားတန္းက မိုင္း​ေပါက္​မွာကိုႀကိဳသိလို႔ ကား​ေတြကို ရပ္​တန္႔ထားတာလည္း ျဖစ္​ႏိုင္​ပါတယ္​” လို႔ ​ေျပာၾကားပါတယ္​။ အခုေပါက္ကြဲတဲ့ေနရာဟာ ၃ မိုင္ နယ္ျခားေစာင့္ စစ္ေဆးေရးဂိတ္နဲ႔ နယ္ျခားေစာင့္ တပ္ဖြဲ႕ခြဲ (နခခ ၂) တပ္ရင္းၾကားမွာ ျဖစ္ပါတယ္။ ေမာင္ေတာၿမိဳ႕နယ္ ေဗာဓိကုန္းနဲ႔ ေ႐ႊရင္​ေအး​ေက်း႐ြာၾကား ၾသဂုတ္ ၁၆ ရက္​​ေန႔ ​ေန႔လယ္ ၁ နာရီ ၅၀ ေလာက္က မိုင္းဗုံးတလုံးေပါက္က္​ကြဲခဲ့သလို ဩဂုတ္ ၁၁ ရက္ေန႔ကလည္း ​ေမာင္​​ေတာၿမိဳ႕နယ္​​ေတာင္​ပိုင္း ေ႐ႊရင္​​ေအး​ေက်း႐ြာအနီး ​​ေမာင္​​ေတာအငူ​ေမာ္​ကားလမ္းမေပၚမွာ မိုင္း​တ​လုံးေပါက္​ကြဲခဲ့ပါ​ေသးတယ္​။ ၿပီးခဲ့တဲ့ ၂ ႏွစ္ ၾသဂုတ္​လ ၂၅ ရက္​​ေန႔က ​ေမာင္​​ေတာၿမိဳ႕နယ္​ရွိ နယ္​ျခား​ေစာင့္ စခန္း ၃၀​ ​ေက်ာ္​ကို တၿပိဳင္နက္ တိုက္​ခိုက္​ခဲ့တာေၾကာင့္ အခု ၂၀၁၉ ၾသဂုတ္လ ၂၅ ေန႔မွာလည္း မိုင္း ၂ လုံး ​ေပါက္​ကြဲတာေၾကာင့္ ​ေမာင္​​ေတာေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။
2 years Ago
Up