မောင်းသူမဲ့ကား

August 21, 2019

ရုရှားတွင် လာမည့် ၂ နှစ်အတွင်း မောင်းသူမဲ့ကားစီးရေ တထောင်အထိ တိုးထုတ်မည်

Google နိုင်ငံတကာ ကော်ပိုရေးရှင်းလိုမျိုး ရုရှားနိုင်ငံထဲမှာသုံးတဲ့ အင်တာနက် အခြေပြု ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးနေတဲ့ ယန်းဒက်ဇ် နိုင်ငံပေါင်းစုံ ကော်ပိုရေးရှင်းက လာမယ့် ၂ နှစ်အတွင်း မောင်းသူမဲ့ ကားစီးရေ တထောင်ထိ တိုးချဲ့ထုတ်လုပ်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။ ယန်းဒက်ဇ်ဟာ ဒီနှစ်ကုန်ပိုင်းမှာ မောင်းသူမဲ့ကားစီးရေ တရာကျော်ကို လမ်းတွေပေါ်မှာ စပြီး စမ်းသပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ တက်သစ်စ နည်းပညာနဲ့အတူ မော်စကိုမြို့တော်ရဲ့ လမ်းတွေပေါ်မှာ မောင်းသူမဲ့ ကားစီးရေ ၃၅ စီး စမ်းသပ်မောင်းနှင်ခဲ့ပြီး ကားစီးရေ ၉၀ ထိ ယန်းဒက်ဇ်မှာ ရှိနေပါပြီ။ ယန်းဒက်ဇ်ရဲ့ အလိုအလျောက် မောင်းနိုင်တဲ့ ကားဌာနခွဲ အကြီးအကဲ ဒမစ်ထရီ ပိုလီရှုခ်က ကာဇံမြို့နားက စကိုလ်ကိုဗိုနဲ့ အင်နိုပိုလစ် နည်းပညာဌာနတွေထဲမှာ ဒီပုံစံကားတွေကို သုံးတောင်သုံးနေပြီလို့ ရိုက်တာသတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ အရင်အပတ်က ပြောပါတယ်။ ဒမစ်ထရီ ပိုလီရှုခ်က "ယန်းဒက်ဇ်အဖွဲ့က စက်ရုပ်ကားမောင်းသူကို တီထွင်နေတယ်။ ဒီစီမံကိန်းက ၂၀၁၇ မှာ စတယ်။အဓိက အစိတ်အပိုင်း နှစ်ခုပါတယ်။ ဟာ့ဒ်ဝဲပိုင်းက အာရုံခံစနစ်နဲ့ ကွန်ပျူတာတွေ ကားထဲမှာ တပ်ဆင်ထားတယ်။ ဒုတိယအနေနဲ့က စည်းကမ်းနဲ့ လုပ်နည်းကိုင်နည်း စနစ်ပါ။ အာရုံခံစနစ်က စုပေးတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ကားတစီးက လမ်းပေါ်မှာ ဘယ်လိုပြုမူသင့်လဲ ဆိုတာကို နည်းစနစ်က ဆုံးဖြတ်ပေးတယ်" လို့ ပြောပါတယ်။ ယန်းဒက်ဇ်ရဲ့ အလိုအလျောက် ကားမောင်းနိုင်တဲ့ ဆော့ဖ်ဝဲဟာ ဂူဂယ်လ်ရဲ့ ဝေမို ဆော့ဖ်ဝဲကို မီလာပြီး နည်းပညာနယ်ပယ်က ကမ္ဘာ့ထိပ်သီးတွေရဲ့ အရည်အသွေးကို မီလာပြီလို့ HSBC ဘဏ်က ဇန်နဝါရီ လမှာ ထုတ်ပြန်တဲ့ သုတေသနက ဆိုပါတယ်။ ဆက်လက်ပြီး ဒမစ်ထရီ ပိုလီရှုခ်က "အများပြည်သူ သွားလာနေတဲ့ လမ်းတွေပေါ်မှာ မောင်းသူမဲ့ကားတွေကို စမ်းသပ်ဖို့ အစိုးရစည်းမျဉ်းက ၂၀၁၈ ဒီဇင်ဘာမှာ အသက်ဝင်တယ်။ အခုတော့ မော်စကိုတလွှားမှာ ကျနော်တို့ တီထွင်ထားတဲ့ စနစ်ကို စမ်းသပ်ပြီး သတင်းအချက်အလက် စုဆောင်းနေတဲ့ ကားဒါဇင် အတော်များများ ရှိနေပြီ" လို့ ဆိုပါတယ်။ ဒီနည်းပညာအတွက် ဘယ်လောက် ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာ ယန်းဒက်ဇ်က ထုတ်မပြောပေမယ့် ကားတစီးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၉ သောင်း ၈ ထောင်နဲ့ ညီမျှတဲ့ ရုရှား ရူဘယ်လ် ၆ ဒသမ ၅ သန်းရှိပြီး ပထမဆုံးကား တည်ဆောက်ချိန်က ကုန်ကျစရိတ် ၉ ဒသမ ၅ သန်းကနေ ဈေးကျလာတာလို့ ပိုလီရှုခ်က ပြောပါတယ်။ ကမ္ဘာတလွှား ရုံးခွဲ ၃၀ ရှိတဲ့ ယန်းဒက်ဇ်ဟာ မောင်းသူမဲ့ နည်းပညာကို ၂၀၁၆ ခုနှစ်က စပြီး စမ်းသပ် လုပ်ဆောင်နေတာပါ။ "၂၀၁၇ မှာ ပထဆုံးကားကို စမ်းသပ်ခဲ့ပါတယ်။ ရုရှား၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘီလာရုဇ်၊ ဂျော်ဂျီယာနဲ့ ကာဇက်စတန် နိုင်ငံတွေထဲက အူဘာ ကားငှားလုပ်ငန်းနဲ့ စားသောက်ကုန် သယ်ယူ ဖြန့်ဝေရေး လုပ်ငန်းတွေမှာ ဝန်ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ၅ နှစ်ကနေ ၇ နှစ်အတွင်း အငှားယာဉ် ရာခိုင်နှုန်းတခုကို စက်ရုပ်တွေက မောင်းလိမ့်မယ်လို့ ကျေနာ်ခန့်မှန်းတယ်။ ဒါဟာ အံ့သြစရာကိစ္စ မဟုတ်ဘဲ ပုံမှန် ဖြစ်လာလိမ့်မယ်" လို့ ဒမစ်ထရီ ပိုလီရှုခ်က ပြောပါတယ်။ ယန်းဒက်ဇ်ဟာ မနှစ်က အစ္စရေးနိုင်ငံအတွင်း မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေးကို စမ်းသပ်ဖို့ လိုင်စင် ရထားပြီး အမေရိကန်နိုင်ငံထဲမှာ စမ်းသပ်ဖို့ ဖြစ်နိုင်ချေအတွက် ကြိုးစားနေတယ်လို့လည်း ပိုလီရှုခ်က ပြောပါတယ်။
Zawgyi Version ႐ုရွားတြင္ လာမည့္ ၂ ႏွစ္အတြင္း ေမာင္းသူမဲ့ကားစီးေရ တေထာင္အထိ တိုးထုတ္မည္ DVB Google ႏိုင္ငံတကာ ေကာ္ပိုေရးရွင္းလိုမ်ိဳး ႐ုရွားႏိုင္ငံထဲမွာသုံးတဲ့ အင္တာနက္ အေျချပဳ ထုတ္ကုန္နဲ႔ ဝန္ေဆာင္မႈေတြကို ပံ့ပိုးေနတဲ့ ယန္းဒက္ဇ္ ႏိုင္ငံေပါင္းစုံ ေကာ္ပိုေရးရွင္းက လာမယ့္ ၂ ႏွစ္အတြင္း ေမာင္းသူမဲ့ ကားစီးေရ တေထာင္ထိ တိုးခ်ဲ႔ထုတ္လုပ္ဖို႔ စဥ္းစားေနတယ္လို႔ ေျပာပါတယ္။ ယန္းဒက္ဇ္ဟာ ဒီႏွစ္ကုန္ပိုင္းမွာ ေမာင္းသူမဲ့ကားစီးေရ တရာေက်ာ္ကို လမ္းေတြေပၚမွာ စၿပီး စမ္းသပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ တက္သစ္စ နည္းပညာနဲ႔အတူ ေမာ္စကိုၿမိဳ႕ေတာ္ရဲ႕ လမ္းေတြေပၚမွာ ေမာင္းသူမဲ့ ကားစီးေရ ၃၅ စီး စမ္းသပ္ေမာင္းႏွင္ခဲ့ၿပီး ကားစီးေရ ၉၀ ထိ ယန္းဒက္ဇ္မွာ ရွိေနပါၿပီ။ ယန္းဒက္ဇ္ရဲ႕ အလိုအေလ်ာက္ ေမာင္းႏိုင္တဲ့ ကားဌာနခြဲ အႀကီးအကဲ ဒမစ္ထရီ ပိုလီ႐ႈခ္က ကာဇံၿမိဳ႕နားက စကိုလ္ကိုဗိုနဲ႔ အင္ႏိုပိုလစ္ နည္းပညာဌာနေတြထဲမွာ ဒီပုံစံကားေတြကို သုံးေတာင္သုံးေနၿပီလို႔ ႐ိုက္တာသတင္းဌာနနဲ႔ လူေတြ႔ေမးျမန္းခန္းမွာ အရင္အပတ္က ေျပာပါတယ္။ ဒမစ္ထရီ ပိုလီရႈခ္က "ယန္းဒက္ဇ္အဖြဲ႔က စက္႐ုပ္ကားေမာင္းသူကို တီထြင္ေနတယ္။ ဒီစီမံကိန္းက ၂၀၁၇ မွာ စတယ္။အဓိက အစိတ္အပိုင္း ႏွစ္ခုပါတယ္။ ဟာ့ဒ္ဝဲပိုင္းက အာ႐ုံခံစနစ္နဲ႔ ကြန္ပ်ဴတာေတြ ကားထဲမွာ တပ္ဆင္ထားတယ္။ ဒုတိယအေနနဲ႔က စည္းကမ္းနဲ႔ လုပ္နည္းကိုင္နည္း စနစ္ပါ။ အာ႐ုံခံစနစ္က စုေပးတဲ့ သတင္းအခ်က္အလက္ေတြကို အေျခခံၿပီး ကားတစီးက လမ္းေပၚမွာ ဘယ္လိုျပဳမူသင့္လဲ ဆိုတာကို နည္းစနစ္က ဆုံးျဖတ္ေပးတယ္" လို႔ ေျပာပါတယ္။ ယန္းဒက္ဇ္ရဲ႕ အလိုအေလ်ာက္ ကားေမာင္းႏိုင္တဲ့ ေဆာ့ဖ္ဝဲဟာ ဂူဂယ္လ္ရဲ႕ ေဝမို ေဆာ့ဖ္ဝဲကို မီလာၿပီး နည္းပညာနယ္ပယ္က ကမာၻ႔ထိပ္သီးေတြရဲ႕ အရည္အေသြးကို မီလာၿပီလို႔ HSBC ဘဏ္က ဇန္နဝါရီ လမွာ ထုတ္ျပန္တဲ့ သုေတသနက ဆိုပါတယ္။ ဆက္လက္ၿပီး ဒမစ္ထရီ ပိုလီ႐ႈခ္က "အမ်ားျပည္သူ သြားလာေနတဲ့ လမ္းေတြေပၚမွာ ေမာင္းသူမဲ့ကားေတြကို စမ္းသပ္ဖို႔ အစိုးရစည္းမ်ဥ္းက ၂၀၁၈ ဒီဇင္ဘာမွာ အသက္ဝင္တယ္။ အခုေတာ့ ေမာ္စကိုတလႊားမွာ က်ေနာ္တို႔ တီထြင္ထားတဲ့ စနစ္ကို စမ္းသပ္ၿပီး သတင္းအခ်က္အလက္ စုေဆာင္းေနတဲ့ ကားဒါဇင္ အေတာ္မ်ားမ်ား ရွိေနၿပီ" လို႔ ဆိုပါတယ္။ ဒီနည္းပညာအတြက္ ဘယ္ေလာက္ ရင္းႏွီးျမႇဳပ္ႏွံထားတယ္ဆိုတာ ယန္းဒက္ဇ္က ထုတ္မေျပာေပမယ့္ ကားတစီးတန္ဖိုးဟာ အေမရိကန္ေဒၚလာ ၉ ေသာင္း ၈ ေထာင္နဲ႔ ညီမွ်တဲ့ ႐ုရွား ႐ူဘယ္လ္ ၆ ဒသမ ၅ သန္းရွိၿပီး ပထမဆုံးကား တည္ေဆာက္ခ်ိန္က ကုန္က်စရိတ္ ၉ ဒသမ ၅ သန္းကေန ေဈးက်လာတာလို႔ ပိုလီ႐ႈခ္က ေျပာပါတယ္။ ကမာၻတလႊား ႐ုံးခြဲ ၃၀ ရွိတဲ့ ယန္းဒက္ဇ္ဟာ ေမာင္းသူမဲ့ နည္းပညာကို ၂၀၁၆ ခုႏွစ္က စၿပီး စမ္းသပ္ လုပ္ေဆာင္ေနတာပါ။ "၂၀၁၇ မွာ ပထဆုံးကားကို စမ္းသပ္ခဲ့ပါတယ္။ ႐ုရွား၊ အာေမးနီးယား၊ အဇာဘိုင္ဂ်န္၊ ဘီလာ႐ုဇ္၊ ေဂ်ာ္ဂ်ီယာနဲ႔ ကာဇက္စတန္ ႏိုင္ငံေတြထဲက အူဘာ ကားငွားလုပ္ငန္းနဲ႔ စားေသာက္ကုန္ သယ္ယူ ျဖန္႔ေဝေရး လုပ္ငန္းေတြမွာ ဝန္ေဆာင္ေပးဖို႔ ရည္႐ြယ္ထားပါတယ္။ ၅ ႏွစ္ကေန ၇ ႏွစ္အတြင္း အငွားယာဥ္ ရာခိုင္ႏႈန္းတခုကို စက္႐ုပ္ေတြက ေမာင္းလိမ့္မယ္လို႔ ကေ်နာ္ခန္႔မွန္းတယ္။ ဒါဟာ အံ့ၾသစရာကိစၥ မဟုတ္ဘဲ ပုံမွန္ ျဖစ္လာလိမ့္မယ္" လို႔ ဒမစ္ထရီ ပိုလီ႐ႈခ္က ေျပာပါတယ္။ ယန္းဒက္ဇ္ဟာ မႏွစ္က အစၥေရးႏိုင္ငံအတြင္း ေမာင္းသူမဲ့ သယ္ယူပို႔ေဆာင္ေရးကို စမ္းသပ္ဖို႔ လိုင္စင္ ရထားၿပီး အေမရိကန္ႏိုင္ငံထဲမွာ စမ္းသပ္ဖို႔ ျဖစ္ႏိုင္ေခ်အတြက္ ႀကိဳးစားေနတယ္လို႔လည္း ပိုလီ႐ႈခ္က ေျပာပါတယ္။
2 years Ago
Up