မောင်အာကာသူအောင်

April 8, 2021

ကလေးမြို့၌ စစ်တပ်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သည့် မောင်အာကာသူအောင်၏ ဈာပန ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ  ဧပြီ ၇ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်တပ်က တာဟန်းခံတပ်ဖြိုခွင်းစဉ်  အသက်ပေးခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် မောင်အာကာသူအောင်ရဲ့ ဈာပနကို  ဧပြီလ ၈ ရက်မှာ ကျင်းပပါတယ်။ 

ကံပုလဲသုဿန်မှာ ဒီနေ့မနက် ၁၁ နာရီမှာပြုလုပ်တဲ့ ဈာပနကို  ကလေးမြို့နယ် ပြည်သူလူထု သောင်းချီ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

ကလေးမြို့မှာ အကြမ်းစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၂ ဦး အထိရှိပြီး ဖမ်းဆီးခံရသူ ၁၈ ဦးရှိတယ်လို့ သိရပါတယ်။

8 months Ago
Up