မောင်ဝေယံထွန်း

A d v e r t i s e m e n t With Us

February 24, 2021

စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် မောင်ဝေယံထွန်းကို မီးရထားဝန်ထမ်းများက ဂါရဝပြု

စစ်တပ်က သေနတ်နဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ မြစ်ငယ်မြို့၊ မြို့ပြင်ကြီးကျေးရွာက မောင်ဝေယံထွန်းကို မြစ်ငယ်မီးရထားစက်ခေါင်းရုံက ဝန်ထမ်းတွေနဲ့ ပြည်သူတွေက ဒီကနေ့ ချီတက် အလေးပြုခဲ့ကြပါတယ်။

အသက် ၁၇ နှစ်အရွယ် မောင်ဝေယံထွန်းဟာ ဖေဖော်ဝါရီ ၂၀ ရက်က မန္တလေးမြို့၊ ကမ်းနားလမ်း ၄၁ လမ်း ကုန်စိမ်းဈေးအနီးမှာ ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်စဉ်မှာ ဦးခေါင်းကို ကျည်ဆန်ထိမှန် သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

မောင်ဝေယံထွန်းရဲ့ ရက်လည် ဆွမ်းကျွေးကို ဒီနေ့မနက် သူ့ရဲ့နေအိမ်မှာ ပြုလုပ်ခဲ့ပြီး ပြည်သူအများအပြားလာရောက် ဂုဏ်ပြုခဲ့ကြသလို CDM လုပ်ဆောင်နေတဲ့ မီးရထားဝန်ထမ်းတွေနဲ့ ပြည်သူလူထု ရာချီပြီးတော့လည်း လမ်းလျှောက်ချီတက် ဂါရဝပြုခဲ့ကြ ပါတယ်။

ထိန်ထိန်လင်း

1 week Ago

ဦးခေါင်းသေနတ်မှန်သေဆုံးသွားသည့် မောင်ဝေယံထွန်း၏ ရက်လည်ဆွမ်းကျွေးပြုလုပ်

မန္တလေးမြို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် မောင်ဝေယံထွန်းရဲ့ ရက်လည်ဆွမ်းကျွေးကို ဖေဖော်ဝါရီ ၂၄ ရက် ဒီနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။

ရက်လည်ဆွမ်းကျွေးကို အမရပူရမြို့နယ် စာတိုးကျေးရွာအုပ်စု မြို့ပြင်ကြီးကျေးရွာမှာရှိတဲ့ သူ့နေအိမ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူတွေအများအပြား  လာရောက်ခဲ့ကြကာ အလှူငွေ ထည့်ဝင်ခဲ့ကြပါတယ်။

မောင်ဝေယံထွန်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရွာက သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး  သူ့အတွက် အုတ်ဂူနဲ့ ဗိမာန်ဆောက်ပေးဖို့ လုပ်ဆောင်နေကြပါတယ်။

မောင်ဝေယံထွန်းနဲ့အတူ သေနတ်မှန်သေဆုံးခဲ့တဲ့ ကိုသက်နိုင်ဝင်း(ခ)ကိုမင်း ကိုတော့ ဖေဖော်ဝါရီလ ၂၃ ရက် နေ့လယ်ပိုင်းက အေးရိပ်ငြိမ်သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

နိုင်လင်းဦး

1 week Ago

February 22, 2021

ရဲနှင့်စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မောင်ဝေယံထွန်းအတွက် လွမ်းသူပန်းခွေချ (ဓာတ်ပုံ)

မန္တလေးမြို့ ရတနာပုံသင်္ဘာကျင်းအနီး ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဦးခေါင်းပွင့်သေဆုံးသွားတဲ့ မောင်ဝေယံထွန်းအတွက် လွမ်းသူပန်းခွေချ ဆုတောင်းပွဲကို ဒီကနေ့ မနက်က ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ ၂ ငါးလုံး အထွေထွေသပိတ်အဖြစ် မန္တလေးမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေ အာဏာသိမ်း စစ်အစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။

Photo - Kaung Zaw Hein / MPA

2 weeks Ago

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သူအတွက် ဆုတောင်းပွဲလုပ်

ဖေဖော်ဝါရီ ၂၀ ရက်နေ့က မန္တလေးမြို့ ရတနာပုံ သင်္ဘောကျင်းအနီးမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ပစ်ခတ်တဲ့အတွက် ဦးခေါင်းထိမှန် ကျဆုံးခဲ့တဲ့ မောင်ဝေယံထွန်းအတွက် မနေ့က သူကျဆုံးခဲ့တဲ့ နေရာမှာ လွမ်းသူပန်းခွေချ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

Photo - Kaung Zaw Hein / MPA

2 weeks Ago
Up