တက်တိုး (မောင်တို့မယ်တို့ တိုးတက်စေဖို့ စာအုပ်မှ)
အခုလို စာပေ ကျေးဇူးရှင်ကြီးတယောက်ဖြစ်တဲ့ ဆရာကြီးတက်တိုးဟာ သူ့အသက် ၈၀ အရွယ် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ရန်ကုန်မြို့ သူ့ရဲ့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ အခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့ကဆိုရင် ဆရာကြီး တက်တိုး ကွယ်လွန်ခဲ့တာ ၁၇ နှစ် ပြည့်ပါပြီ။ နေမင်းကြီးက ကွယ်သွားပေမဲ့ နေရောင်ရှိန်ဝှာတွေကတော့ ထွန်းလင်းနေဆဲပါ။ အလားတူပဲ ကျနော်တို့ဟာ ဒီနေ့မှာ ဆရာကြီးတက်တိုး ရေးသားပြုစုခဲ့တဲ့ အဘိဓာန်တွေမှာ စကားလုံးအဓိပ္ပာယ်တွေ ဖွင့်လှန်ရှာနေကြရဆဲ၊ ပညာတွေ ရှာဖွေယူနေကြရဆဲ၊ သူ့ရဲ့ ဒဿနဆိုင်ရာ အတွေးအခေါ် စာတွေကို လေ့လာ ဖတ်ရှု အတုယူနေကြရဆဲပါ ခင်ဗျာ။ ။