မောင်ဇင်မင်းထက်(ခ)ဖိုးလုံး

March 9, 2021

အာဇာနည် မောင်ဇင်မင်းထက် (ခ) ဖိုးလုံး၏ ဈာပန မြစ်ကြီးနားတမြို့လုံး ပို့ဆောင်

မတ် ၈ ရက်နေ့က မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ ပြည်သူလူထုအစုအဝေးကို စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံး၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့တာကြောင့် ကျဆုံးသူ ၂ ဦး ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူအများအပြား ရှိခဲ့ပါတယ်။ 

စစ်အာဏာရှင်တော်လှန်ရင်း အသက်ပေးသွားတဲ့ အာဇာနည် မောင်ဇင်မင်းထက် (ခ) ဖိုးလုံးရဲ့ နောက်ဆုံးခရီးကို ဒီကနေ့ နေ့လယ်ပိုင်း မြစ်ကြီးနားတစ်မြို့လုံးက ပြည်သူတွေ လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

9 months Ago
Up