မောင်ခန့်ငြားဟိန်း(ခ)အာကာဇော်

March 17, 2021

ကျဆုံးဆေးတက္ကသိုလ်ကျောင်းသား မောင်ခန့်ငြားဟိန်း (ခ) အာကာဇော်၏ ဈာပနကျင်းပ (ဓာတ်ပုံ)

အကြမ်းဖက်လက်နက်ကိုင် စစ်တပ်နဲ့ရဲ ပစ်ခတ်မှုကြောင့် ကျဆုံးသွားတဲ့ ရန်ကုန်ဆေးတက္ကသိုလ် (၁) ပထမနှစ်ကျောင်းသား မောင်ခန့်ငြားဟိန်း (ခ) အာကာဇော် (အသက် ၁၈ နှစ်) ဈာပနကို ရေဝေးသုသာန်မှာ မတ် ၁၆ ရက် ညနေ ၃ နာရီက မီးသင်္ဂြိုဟ်ပါတယ်။

မတ် ၁၄ ရက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်တပ်တွေက ပစ်ခတ်လို့ ကျဆုံးသွားတဲ့ ဆေးကျောင်းသားလေးရဲ့ ဈာပနကို မိသားစုဝင်တွေ၊ ရပ်နီးရပ်ဝေးက မိတ်ဆွေတွေ၊ ဆေးတက္ကသိုလ်ကျောင်းသားကျောင်းသူတွေ၊ သူငယ်ချင်းတွေ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ 

Photo - Zin Ye Htet / MPA

9 months Ago
Up