မောင့်ထ်အတ္တနာမီးတောင်

A d v e r t i s e m e n t With Us

January 20, 2021

အီတလီနိုင်ငံရှိ မောင့်ထ်အတ္တနာမီးတောင် ပေါက်ကွဲ

ဥရောပရဲ့ အမြင့်ဆုံးနဲ့ အလှုပ်ရှားဆုံးမီးတောင် ဖြစ်တဲ့ အီတလီနိုင်ငံက မောင့်ထ်အတ္တနာ မီးတောင် ပေါက်ကွဲခဲ့လို့ အနီရောင်ချော်ရည်ပူတွေ စီးလာတာကို ဇန်နဝါရီ ၁၈ ရက်ညက တွေ့ရတာပါ။ အမြင့်ပေ ၁၁,၀၀၀ နီးပါးရှိတဲ့ ဒီမီးတောင်ဟာ တနှစ်ကို အကြိမ်ရေ အတော်များများ လှုပ်ရှား ပေါက်ကွဲလေ့ရှိပါတယ်။ ဒီမီးတောင်ဟာ မကြာခဏ ပေါက်ကွဲပေမယ့် အပျက်အစီး ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ မီးတောင်ပေါက်ကွဲမှု မှတ်တမ်းအရှည်ကြာဆုံး မီးတောင်အဖြစ်လည်း ယုံကြည်ထားကြပြီး ပထမဆုံးအနေနဲ့ မှတ်တမ်းတင်တဲ့ ပေါက်ကွဲမှုက ခရစ်တော်မပေါ်မီ ၄၂၅ ခုနှစ်က ဖြစ်ပါတယ်။ မီးတောင်ရဲ့ အရှေ့တောင်ဘက် မီးတောင်အူကြောင်းကနေ ပေါက်ကွဲအပြီး ကာတာနီယာ ဒေသနားက မီလိုရွာငယ်လေးနားမှာ ကားတွေကို မီးတောင်ပြာတွေ ဖုံးလွှမ်းနေခဲ့ပါတယ်။
1 month Ago
Up