၂၀၁၃ ခုနှစ်က အာဖဂန်စစ်မြေပြင်မှာ လေ့ကျင့်ရင်း မီးလောင်သေဆုံးခဲ့တဲ့ စစ်မြေပြင်ဓာတ်ပုံသတင်းထောက်တဦး သူမသေဆုံးခင် မိနစ်ပိုင်းအလိုမှာ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံကို အမေရိကန်စစ်တပ်က မေလ ၃ ရက်နေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။
အမျိုးသမီး ဓာတ်ပုံသတင်းထောက်ရဲ့အမည်က ဟီလ်ဒါ ကလေတန်ဖြစ်ပြီး အဲဒီအချိန်က အာဖဂန်နစ္စတန်နိုင်ငံ လာ့မန်းခရိုင်ရှိ တိုက်ခိုက်ရေးကင်မရာအဖွဲ့မှာ တာဝန်ထမ်းနေတာ ဖြစ်ပါတယ်။
ဟီလ်ဒါနဲ့ တိုက်ခိုက်ရေးစစ်သားတစုဟာ စစ်မြေပြင်မှာ လေ့ကျင့်နေစဉ် ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပြီး သူအပါအဝင် အမေရိကန်စစ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။
ဟီလ်ဒါ မသေဆုံးခင် မိနစ်ပိုင်းအလိုမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံအတွင်း သူမကိုယ်တိုင်နဲ့ အနီးရှိ စစ်သားတဦး ပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်တွေမှာ မီးစွဲလောင်နေတာကို မြင်တွေ့ကြရပါတယ်။
4 years Ago