လုံလောက်တဲ့ငွေ ရမယ်ဆိုရင် မက်ဂရီဂေါနဲ့ ထပ်ထိုးဖို့ဆန္ဒရှိတယ်လို့ ဖလိုက်မေဝဲလ်သာက ပြောပါတယ်။
အမေရိကန် ဘောက်ဆင်သမား မေဝဲလ်သာဟာ ၂၀၁၇ ခုနှစ်မှာ မက်ဂရီဂေါနဲ့ ထိုးခဲ့ပြီး ဒီပွဲကနေ ပေါင် သန်း ၂၀၀ လောက် ရရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မေဝဲလ်သာကို မေးမြန်းရာမှာ “ဒီမှာ ဟေ့လူ၊ သူတို့ ပိုက်ဆံပေးမယ် ဆိုရင် ငါ ထပ်ထိုးဦးမှာပေါ့။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ငါက ပိုက်ဆံရမှ အလုပ်လုပ်တယ်။ သူတို့ပေးတဲ့ပိုက်ဆံကို ငါ ယူတယ်၊ အဲဒါနဲ့တန်တဲ့ ဇာတ်လမ်းတပုဒ်ကို ငါ ဖန်တီးပေးတယ်” လို့ ပြန်ဖြေပါတယ်။
အသက် ၄၃ နှစ်အရွယ် မေဝဲလ်သာဟာ ကစားသမားဘဝ ပွဲ ၅၀ ထိုးသတ်ခဲ့ပြီး ပွဲ ၅၀ လုံး အနိုင်ရရှိခဲ့ကာ မက်ဂရီဂေါနဲ့ ပွဲအပြီးမှာ ကြိုးဝိုင်းတွေကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာပါတယ်။
မေဝဲလ်သာဟာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူးကာလမှာ ဂျပန် ကစ်ဘောက်ဆာသမား တန်ရှင်နာ ဆူကာဝါနဲ့ ထိုးသတ်ခဲ့ပေမယ့် ဒါဟာ သရုပ်ပြပွဲတခုသာ ဖြစ်ပါတယ်။ ဒါပေမဲ့ မေဝဲလ်သာက ၂၀၂၀ ပြည့်နှစ်မှာ UFC အကြီးအကဲ ဒါနာဝှိုက်နဲ့ အခမ်းအနားတခု စီစဉ်ထားကြောင်း ပြောကာ ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်တော့မယ်လို့ ထပ်မံကြေညာခဲ့ပါတယ်။
မက်ဂရီဂေါဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ခါဘစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် ဇန်နဝါရီလမှာ အမေရိကန် ကစားသမား ဒေါ်နယ်ကာရုန်းနဲ့ ထိုးသတ်ခဲ့ပြီး ပထမအချီမှာတင် အလဲထိုးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မက်ဂရီဂေါဟာ မေဝဲလ်သာထက်စာရင် ခါဘစ်ကို ရှုံးကြွေးဆပ်ဖို့ ပိုမိုစိတ်အားထက်သန်နေတယ်လို့ UFC အကြီးအကဲ ဝှိုက်က ပြောပါတယ်။
မေဝဲလ်သာဟာ မက်ဂရီဂေါနဲ့ ထိုးသတ်ခဲ့ပြီးနောက်ပိုင်းကတည်းက ပရော်ဖက်ရှင်နယ် လက်ဝှေ့ကြိုးဝိုင်းတွေဆီကနေ အနားယူနေပြီး မက်ဂရီဂေါကို အနိုင်ယူဖို့အတွက်လည်း သူ့အနေနဲ့ ထွေထွေထူးထူး ပြင်ဆင်ခဲ့ရတာ မရှိဘူးလို့ ပြောပါတယ်။
1 year Ago