မေလ ၉ ရက်

May 9, 2020

ထိုင်းတွင် မေလ ၉ ရက်နေ့က ကိုဗစ်လူနာ ၁ ဦး သေဆုံး၊ လူနာသစ် ၄ ဦး တွေ့ရှိ

ထိုင်းနိုင်ငံမှာ မေလ ၉ ရက်နေ့က  ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ သေဆုံးသူကတော့ ဘန်ကောက်မြို့တော်က အသက် ၆၈ နှစ်အရွယ် လူကြီးတဦးဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။  အသစ် တွေ့ လူနာတွေထဲမှာ နှစ်ဦးက တောင်ပိုင်းပြည်နယ် ယာလာက ဖြစ်ပြီး၊ အဲဒီမှာ ကူးစက်နှုန်းမြင့်မားတာကြောင့် အာဏာပိုင်တွေက ဗိုင်းရပ်စ် ရှိ မရှိ စစ်ဆေးတာတွေ  လုပ်နေပါတယ်။  ထိုင်းအစိုးရရဲ့  ကိုဗစ်-၁၉ အခြေအနေဆိုင်ရာအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း လူနာတဦးအတွက် ကုသစရိတ်ဟာ ဘတ် ၁ သန်း( ဒေါ်လာ ၃၀,၈၁၇ ) ရှိတယ်လို့ ဧပြီလကုန်ပိုင်းမှာ ဆင်ဟွာသတင်းကို ပြောခဲ့ဖူးပါတယ်။  ထိုင်းဟာ ရက်သတ္တပတ်ပေါင်းများစွာ ဆီမီးလော့ဒေါင်းချထားပြီးနောက် တချို့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ပေးဖို့ ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာ ဒီနေ့ ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၀၀၀ ကျော်နဲ့ သေဆုံးသူ ၅၆ ဦး ရှိပြီလို့ သိရပါတယ်။
11 months Ago
Up