မလေးရှား အမြင့်ဆုံးတောင် ငလျင် ၂ ဦးသေ၊ အများအပြား ပျောက်ဆုံးနေ

June 7, 2015

မလေးရှားငလျင် ပျောက်ဆုံး ၈ ဦးကို ရဟတ်ယာဉ်ဖြင့် ဆက်လက်ရှာဖွေ

မလေးရှားရဲ့ အမြင့်ဆုံး တောင်ဖြစ်တဲ့ ကီနာဘူလူ တောင်ပေါ်ဒေသမှာ ဇွန် ၅ ရက်နေ့က ပြင်းအား  ၆ ရှိတဲ့ ငလျင်လှုပ်ပြီးနောက် မြေပြိုမှုအတွင်း တောင်တက်သမား ၈ ယောက် ပျောက်ဆုံးနေတဲ့အတွက်  ကယ်ဆယ်ရေး ရဟတ်ယာဉ်တစင်းကို ဇွန် ၆ ရက်နေ့က စေလွှတ်ထားပါတယ်။ ဘော်နီယို ကျွန်းပေါ်က တောင်ပေါ်ဒေသမှာ ငလျင်လှုပ်ပြီးနောက် ပိတ်နေတဲ့ တောင်တက်သမား ၁၃၇ ယောက်လုံးကို ဘေးကင်းရာ ပို့ဆောင်ပေးလိုက်ပြီလို့ ပြည်နယ် ခရီးသွားဝန်ကြီးက ဇွန် ၆ ရက်နေ့မှာ ပြောပါတယ်။ ပိတ်မိနေတဲ့ တောင်တက်သမားတွေထဲမှာ မလေးရှား ၁၁၇ ယောက်၊ စင်ကာပူ ၃၈ ယောက်၊ အမေရိကန် ၅ ယောက်၊ ဒတ်ခ်ျ ၄ ယောက်၊ ဗြိတိန် ၃ ယောက်၊ ပြင်သစ် ၂ ယောက်၊ သြစတြေလျ ၂ ယောက် ပါဝင်ပါတယ်။ ဘယ်လဂျီယန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကာဇက်စတန်၊ အိန္ဒိယ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဒိန်းမတ်၊ တရုတ်နိုင်ငံတို့က ကမ္ဘာ့လှည့်ခရီးသွားတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။ သေဆုံးသူ ၁၁ ယောက်ထဲမှာ အသက် ၁၂ နှစ်အရွယ် စင်ကာပူ ကျောင်းသူတယောက်နဲ့ နယ်ခံ လမ်းပြတယောက်တို့ကို အတည်ပြုနိုင်ပြီး ကျန်သူတွေကတော့ ဘယ်သူဘယ်ဝါဆိုတာ စိစစ်ဆဲဖြစ်ပါတယ်။ [gallery ids="96410,96411,96412,96413"]
6 years Ago

June 6, 2015

ရုရှားစတန့်သမား ဂျီးရပ်ခ်တောင်ပေါ်ကနေ တောင်ပံတပ်ဝတ်စုံဖြင့် ခုန်ချပြ (ရုပ်သံ)

လေကြောင်းစတန့်တွေ အတွဲလိုက် လုပ်ပြခဲ့ဖူးတဲ့ အသက် ၅၀ အရွယ် ရုရှား အားကစားသမား ဗယ်လာရီ ရိုဇော့ဗ်ဟာ တောင်ပံတွေတပ်ထားတဲ့ ဝတ်စုံကိုဝတ်ပြီး ရုရှမြောက်ပိုင်း ကော့ကေးဆပ်တောင်ကြား ဂျီးရပ်ခ်တောင်ပေါ်ကနေ ခုန်ချ ပြခဲ့ပါတယ်။ တောင်ပေါ်ကနေ အကြောက်အလန့်မရှိ ခုန်ချပြီး မတ်စောက်တဲ့ တောင်ကြားတလျှောက် ပျံသန်းရင်း နောက်ဆုံး မြေပေါ်ကို လေထီးနဲ့ ဘေးကင်းကင်း ဆင်းသက်ခဲ့ပုံကို ရိုက်ကူးထားတဲ့ ရုပ်သံကို ဇွန် ၃ ရက်နေ့က အင်တာနက်ပေါ် တင်ခဲ့ပါတယ်။ အမြင့်မီတာ ၁၂၀၀ လောက်က ခုန်ချခဲ့တာ ဖြစ်ပြီး လေထဲမှာ ၁ မိနစ်လောက် အလွတ်ကျဆင်းခဲ့တာပါ။ ဖေဖော်ဝါရီလကလည်း ရိုဇော့ဗ်ဟာ သီးခြားရပ်တည်နေတဲ့ တောင်တွေထဲမှာ ကမ္ဘာ့အမြင့်ဆုံးဖြစ်တဲ့ ကီလီမန်ဂျာရိုတောင်ရဲ့အမြင့် မီတာငါးထောင်လောက်ကနေ ပထမဆုံးအကြိမ် ခုန်ချခဲ့ပါသေးတယ်။ [gallery ids="96323,96324,96325,96326"]
6 years Ago

မလေးရှား အမြင့်ဆုံးတောင် ငလျင် ၂ ဦးသေ၊ အများအပြား ပျောက်ဆုံးနေ

မလေးရှားနိုင်ငံက အမြင့်ဆုံး တောင်ပေါ်ဒေသမှာ အင်အားပြင်းတဲ့  ငလျင်လှုပ်ခဲ့ပြီးနောက် လူ ၂ ဦး သေဆုံးတာ အတည်ပြုနိုင်ပြီး အတော်များများ ပျောက်ဆုံးနေပါတယ်။ ဘော်နီယိုကျွန်းပေါ်မှာ တည်ရှိတဲ့  အရှေ့တောင် အာရှဒေသမှာ အမြင့်ဆုံး တောင်တွေထဲက တခုဖြစ်တဲ့ ကင်နာဘူလူ တောင်ပေါ်ကို တက်တဲ့ တောင်တက်သမား ၁၆၇ ယောက်ကိုလည်း ဘေးကင်းလုံခြုံတဲ့ နေရာကို လမ်းပြတွေက ခေါ်ဆောင်ခဲ့ရတယ်လို့ ခရီးသွား ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အစဦး ကယ်ဆယ်ရေး လုပ်ငန်းတွေဟာ ရာသီဥတုဆိုးနေတာကြောင့် အခက်ကြုံနေရပါတယ်။ သေဆုံးသူ နှစ်ယောက်ထဲက တယောက်ကတော့ လမ်းပြ ဖြစ်ပြီး  နောက်တယောက်ကတော့ အသက် ၁၂ နှစ်အရွယ် စင်ကာပူ မိန်းကလေး ဖြစ်ပါတယ်။ အမေရိကန် ဘူမိဗေဒ ဌာနကတော့ ငလျင်ဟာ ကင်နာဘူလူတောင်ခြေကနေ ၃၃ မိုင်အကွာ  မြေအောက် ပေ သုံးသောင်းနှစ်ထောင်ကျော်ကို ဗဟိုပြုပြီး လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - todayonline.com [gallery ids="96318,96319,96320"]  
6 years Ago
Up