မလေးရှား လက်ရှိအာဏာရပါတီ ထောက်ခံသူများကို ရေပိုက်ဖြင့်ဖြိုခွင်း (ရုပ်သံ)

A d v e r t i s e m e n t With Us

September 16, 2015

မလေးရှား လက်ရှိအာဏာရပါတီ ထောက်ခံသူများကို ရေပိုက်ဖြင့်ဖြိုခွင်း (ရုပ်သံ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ စက်တင်ဘာ ၁၆ ရက်က အာဏာရပါတီကို ထောက်ခံတဲ့ စီတန်းလမ်းလျှောက်သူတွေကို ရေပိုက်တွေနဲ့ အသုံးပြုပြီး မလေး အာဏာပိုင်တွေက လူစုခွဲခဲ့ပါတယ်။ တရုတ် ကုန်သည်တွေနဲ့ လူသိများတဲ့ ဈေးရောင်းဈေးဝယ်လမ်းမကို ၀င်ဖို့ ကြိုးစားရာမှာ အခုလို လှုပ်ဆောင်ခဲ့တာလို့ စင်ကာပူ ချာနယ်နယူးအေးရှားသတင်းမှာ ဖော်ပြပါတယ်။ တရုတ် သတင်းထောက်တွေကို လူမျိုးရေးခွဲခြားတဲ့ စကားတွေ အော်ဟစ်တဲ့အုပ်စုကို ရဲတွေက သတိပေးထားပါတယ်။ အနီရောင် ၀တ်စုံဝတ်ဆင်ထားတဲ့ စီတန်းလမ်းလျှောက်သူတွေကို လူစုခွဲဖို့ ရဲတွေက ၁၀ မိနစ် အချိန်ပေးခဲ့ပါတယ်။ ငွေကြေးအရှုပ်အရှင်းအတွက် ၀န်ကြီးချုပ် နာဂျစ် ရာဇတ် နုတ်ထွက်ပေးဖို့ တောင်းဆိုမှုကို တန်ပြန်တဲ့အနေနဲ့ မလေးအမျိုးသားပေါင်းစည်းရေးအဖွဲ့က ဒီစီတန်းလမ်းလျှောက်မှုကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up