မလေးရှား ပါရာဂိမ်းပြိုင်ပွဲတွင် မြန်မာမသန်စွမ်း ရေကူးအားကစားအဖွဲ့ ရွှေတံဆိပ် ၁၀ ဆုမှန်း

September 5, 2017

မလေးရှား ပါရာဂိမ်းပြိုင်ပွဲတွင် မြန်မာမသန်စွမ်း ရေကူးအားကစားအဖွဲ့ ရွှေတံဆိပ် ၁၀ ဆုမှန်း

မြန်မာမသန်စွမ်း ရေကူးအားကစားအဖွဲ့အနေနဲ့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ (ပါရာဂိမ်း) မှာ အနည်းဆုံး ရွှေတံဆိပ် ၁၀ ဆုထိ ရရှိဖို့ မျှော်မှန်းထားပါတယ်။ အရင်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၁၃ ဆုထိ ရရှိထားပေမယ့် မလေးရှား ပါရာဂိမ်းမှာတော့ အိမ်ရှင်နိုင်ငံရဲ့ အားသာချက် ရယူမှုတွေကြောင့် ရွှေတံဆိပ် ၁၀ ဆုနီးပါးသာ မျှော်မှန်းနိုင်တာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ မြန်မာမသန်စွမ်း ရေကူးကစားသမားတွေကို တခြားနိုင်ငံတွေအနေနဲ့ ယှဉ်နိုင်ခြင်းမရှိသလို ကမ္ဘာ့အဆင့် သွားရောက်ယှဉ်ပြိုင်နေတဲ့ ကစားသမားတွေလည်း ဖြစ်ပါတယ်။ မလေးရှားပါရာဂိမ်းကို စက်တင်ဘာ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပြီး ရေကူးကစားနည်းကနေ ရွှေတံဆိပ် ၈၄ ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။
4 years Ago
Up