WordPress database error: [Incorrect key file for table './burmese_dvb_no/dvp_options.MYI'; try to repair it]
INSERT INTO `dvp_options` (`option_name`, `option_value`, `autoload`) VALUES ('_transient_doing_cron', '1660459434.0359790325164794921875', 'yes') ON DUPLICATE KEY UPDATE `option_name` = VALUES(`option_name`), `option_value` = VALUES(`option_value`), `autoload` = VALUES(`autoload`)

မလေးရှားနိုင်ငံက ဘင်္ဂလားဒေ့ရှ်လုပ်သား ၁ သန်းခွဲ ခေါ်ယူမည် – DVB

မလေးရှားနိုင်ငံက ဘင်္ဂလားဒေ့ရှ်လုပ်သား ၁ သန်းခွဲ ခေါ်ယူမည်

February 19, 2016

မလေးရှားနိုင်ငံက ဘင်္ဂလားဒေ့ရှ်လုပ်သား ၁ သန်းခွဲ ခေါ်ယူမည်

အစိုးရချင်း သဘောတူညီချက်အရ လာမယ့် ၃ နှစ်တာအတွင်း မလေးရှားနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ် အလုပ်သမား ၁ သန်းခွဲ အလုပ်လုပ်ခွင့်ပြုဖို့ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေ ဖေဖော်ဝါရီ ၁၈ ရက်နေ့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ် အမျိုးသားနဲ့ အမျိုးသမီး အလုပ်သမားတွေကို ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ အိမ်အကူ၊ စိုက်ခင်းတွေနဲ့ စက်ရုံလုပ်ငန်းတွေအတွက် ခေါ်ယူခဲ့တာလို့ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေက ရေးသားပါတယ်။ သဘောတူညီချက်ထဲမှာ လုပ်အားခကို မလေးရှားရင်းဂစ် ၈၀၀ နဲ့ ၉၀၀ ကြား သတ်မှတ်ထားပြီး အလုပ်သမားတွေရဲ့ ခရီးစရိတ်ကို အလုပ်သမား စုဆောင်းစေလွှတ်သူဘက်က ကျခံရမှာ ဖြစ်ပါတယ်။ ဒီအခကြေးငွေဟာ မလေးရှားနိုင်ငံမှာ လက်ရှိပြဋ္ဌာန်းထားတဲ့ အနိမ့်ဆုံး လုပ်ခလစာ ဖြစ်ပါတယ်။ မလေးရှား အလုပ်ရှင်တွေဘက်က အလုပ်သမားတွေအတွက် လုံခြုံရေးအာမခံမှု၊ ကျန်းမာရေး အာမခံ၊ ဗီဇာကြေးနဲ့ လျော်ကြေးတွေကို တာဝန်ယူရမှာ ဖြစ်ပါတယ်။ အစိုးရနှစ်ရပ်အကြား ဒီသဘောတူညီချက်အသစ်ဟာ ပိုမိုပွင့်လင်းမြင်သာပြီး အကျိုးဆောင်တွေ လွှမ်းမိုးမှုကနေ လွတ်ကင်းစေလိမ့်မယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ လူသစ်စုဆောင်းမှု အေဂျင်စီက ဘင်္ဂလားဒေ့ရှ် လုပ်သားတွေကို ပို့ဆောင်ဖို့အတွက် တာဝန်ယူ လုပ်ဆောင်မယ်လို့ သိရပါတယ်။
6 years Ago
Up