မလေးရှားဝန်ကြီး ပြော

December 23, 2017

ဂျေရုဆလင်အရေး နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်မည်ဟု မလေးရှားဝန်ကြီး ပြော

ဂျေရုဆလင်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတရဲ့ ဆုံးဖြတ်ချက်ကို နည်းလမ်းမျိုးစုံသုံးပြီး ဆန့်ကျင်တိုက်ခိုက်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ဒီဇင်ဘာ ၂၂ ရက်မှာ ပြောကြားသွားပါတယ်။ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူအနီးက ပူထရာဂျာယားမြို့မှာ ရှိတဲ့ ပူထရာဂျာယား ဗလီရှေ့မှာ ပါလက်စတိုင်းကို ထောက်ခံတဲ့ လူအုပ်ကို မလေးရှားဝန်ကြီးက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျနော်ဟာ အမ်နိုပါတီဥက္ကဋ္ဌအဖြစ်သာမက မလေးရှားဝန်ကြီးချုပ်အဖြစ်နဲ့ပါ မလေးရှား မွတ်ဆလင်တွေကိုယ်စား ပြောကြားလိုတာက မလေးရှားအစိုးရနဲ့ ပြည်သူတွေဟာ ဒီဆုံးဖြတ်ချက်ကို  ပြင်ဆင်တဲ့ ကြော်ညာချက်ထုတ်ပြန်သည်အထိ ကန့်ကွက်သွားမယ်။ ဒီကိစ္စကို ဆက်လက်တိုက်ခိုက်သွားမယ်။ တတ်နိုင်သမျှနည်းလမ်းအားလုံးကို သုံးသွားပြီး တိုက်ခိုက်သွားမယ်။ နိုင်ငံရေးနည်းလမ်း၊ သံတမန်ရေးလမ်းကြောင်း၊ ဘဏ္ဍာရေးအကူအညီ လမ်းကြောင်း၊ ဆွေးနွေးညှိနှိုင်းမှု၊ ဝတ်ပြုဆုတောင်းမှု စတဲ နည်းလမ်းအားလုံးအသုံးပြုသွားမှာပါ။ ဂျေရုဆလင်ကို ပါလက်စတိုင်းပြည်သူတွေ ပိုင်ဆိုင်တဲ့နေ့အထိ နည်းလမ်းအားလုံးသုံးသွားမယ်။ ကျနော့်ကို အမေရိကန်အိမ်ဖြူတော်မှာ မကြာခင်ကပဲ ကြိုဆိုတွေ့ဆုံခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ကျနော့်ရဲ့ မိတ်ဆွေကောင်းပါ။ ဒါပေမယ့် မူအရ အစ္စလာမ်ဘာသာရဲ့ မြင့်မြတ်မှုနဲ့ ကျနော်တို့ရဲ့ ဘာသာရေးကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး” လို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြောကြားသွားတာဖြစ်ပါတယ်။
3 years Ago
Up