မလေးရှားရှေ့နေချုပ်

March 14, 2019

ဗီယက်နမ်နိုင်ငံသူအား ပြန်လွှတ်ပေးရန် တောင်းဆိုမှု မလေးရှားရှေ့နေချုပ် ပယ်ချ

ကင်ဂျုံနမ်သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ဗီယက်နမ်နိုင်ငံသူ ဒုံသီဟောင်ကို လွှတ်ပေးဖို့ ဗီယက်နမ်အစိုးရ မေတ္တာရပ်ခံတာကို မလေးရှားရှေ့နေချုပ်က မတ်လ ၁၄ ရက်ေန့မှာ ပယ်ချလိုက်ပါတယ်။ ဒုံသီဟောင်နဲ့အတူ စွပ်စွဲခံရတဲ့ အင်ဒိုနီးရှားသူ ဆီတီအိုက်ရှာကို လွှတ်ပေးပြီးနောက် ဗီယက်နမ်အစိုးရက ဒုံသီဟောင်ကိုလည်း လွှတ်ပေးဖို့ မလေးရှားကို မေတ္တာရပ်ခံခဲ့တာပါ။ ဒါပေမယ့် မလေးရှားတရားရုံးက ရုံးတင်စစ်ဆေးတာကို ဧပြီ ၁ ရက်နေ့မှာ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒုံသီဟောင်ရဲ့ ရှေ့နေဖြစ်သူက ဖြစ်စဉ်ချင်းဟာ အတူတူမို့ ရှေ့နေချုပ်အနေနဲ့ တောင်းဆိုချက်ကို လက်ခံသင့်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် ပယ်ချရတဲ့ အကြောင်းပြချက်ကို ပြောကြားတာ မရှိဘူးလို့ သူက ဆိုပါတယ်။ ဒုံသီဟောင်နဲ့ ဆီတီအိုက်ရှာတို့ဟာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အစ်ကိုဝမ်းကွဲတော်စပ်သူ ကင်ဂျုံနမ်မျက်နှာကို VX အဆိပ် သုတ်လိမ်း သတ်ဖြတ်တယ်ဆိုပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ကွာလာလမ်ပူလေဆိပ်မှာ ဖမ်းဆီးခံရပါတယ်။ သူတို့နှစ်ဦးက အဲဒီလိုစွပ်စွဲတာကို ငြင်းဆိုပြီး နောက်ပြောင်ကျီစယ်တဲ့ တီဗွီအစီအစဉ်မှာ  ပါဝင်တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
2 years Ago
Up