မလေးရှားရောက်မြန်မာများ လုံခြုံရေး သတိပေးချက် သံရုံးထုတ်ပြန်

August 24, 2017

မလေးရှားရောက်မြန်မာများ သတိဝီရိယဖြင့် နေထိုင်ကြရန် မြန်မာသံရုံးနှိုးဆော်

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဆီးဂိမ်းအားကစားပြိုင်ပွဲတွေ အားပေးကြည့်ရှုချိန်နဲ့ သွားလာချိန်တွေမှာ သတိဝီရိယနဲ့ နေထိုင်ကြဖို့ မြန်မာသံရုံးက အသိပေးနှိုးဆော်ထားပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ  သြဂုတ် ၂၁ ရက်က ကျင်းတဲ့  (၂၉)ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲ မြန်မာ-မလေးရှား ဘောလုံးပွဲစဉ်ကို လာရောက်ကြည့်ရှုအားပေးခဲ့ကြတဲ့ မြန်မာနိုင်ငံသားအချို့ ဘောလုံးကွင်းအနီးမှာ ရိုက်နှက်လုယက်ခံရပြီးနောက် ခုလို အသိပေး ထုတ်ပြန်လိုက်တာပါ။ မြန်မာသံရုံးအနေနဲ့ သက်ဆိုင်ရာ မလေးရှားအစိုးရ လုံခြုံရေးအဖွဲ့ အစည်းတွေကိုလည်း အကူအညီတောင်းခံထားတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
4 years Ago

January 19, 2016

မလေးရှားရောက်မြန်မာများ လုံခြုံရေး သတိပေးချက် သံရုံးထုတ်ပြန်

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ဆာလာရန်းနယ်မြေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့  ပတ်သက်ပြီး လုံခြုံရေး သတိထားကြဖို့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးက အသိပေး နှိုးဆော်ပါတယ်။ ကွာလာလမ်ပူမြို့ အခြေစိုက် မြန်မာသံရုံးက ဇန်နဝါရီ ၁၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဆာလာရန်းနယ်မြေမှာ ဒေသခံ အိန္ဒိယနွယ်ဖွား မလေးရှားနိုင်ငံသားတွေနဲ့ တရားမဝင် ရောက်ရှိနေထိုင်နေတဲ့ မြန်မာမွတ်ဆလင် အဖွဲ့အစည်းနှစ်ခုအကြား ဂိုဏ်းဂဏဖွဲ့ နယ်မြေလု အငြင်းပွားရာမှ ပဋိပက္ခအသွင်ဆောင်ကာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး သေဆုံး၊ ဒဏ်ရာရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေမှာ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အနေဖြင့် အဆိုပါနယ်မြေသို့ သွားရောက်ခြင်း မပြုကြဖို့နဲ့ လုံခြုံရေးအသိနဲ့ အထူးသတိထား သွားလာကြဖို့ မြန်မာသံရုံးက သတိပေးထားပါတယ်။
6 years Ago
Up