မလေးရှားအသင်း

July 13, 2018

အာဆီယံယူ-၁၉ ဘောလုံးပြိုင်ပွဲတွင် မြန်မာနှင့် မလေးရှား ဗိုလ်လုမည်

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မြန်မာနဲ့ မလေးရှားတို့ ဇူလိုင် ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆း၃၀ မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ မြန်မာက လက်ရှိချန်ပီယံ ထိုင်းအသင်းကို ၁ ဂိုး ဂိုးမရှိ၊ မလေးရှားက အိမ်ရှင် အင်ဒိုနီးရှားကို ပယ်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ကြတာပါ။ မြန်မာနဲ့ မလေးရှားတို့ဟာ အုပ်စုတခုတည်းမှာ ကျရောက်ခဲ့ပြီး အုပ်စုတွင်း ယှဉ်ပြိုင်ခဲ့ရာမှာတော့ မလေးရှားက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အာဆီယံလူငယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်မှာ မြန်မာနဲ့ မလေးရှားတို့ဟာ အရင်က နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ၂၀၀၃ အာဆီယံယူ-၁၈ ပြိုင်ပွဲမှာ မြန်မာက ၄ ဂိုး ဂိုးမရှိ၊ ၂၀၀၅ အာဆီယံ ယူ-၂၀ ပြိုင်ပွဲမှာ မြန်မာကပဲ ၁ ဂိုး ဂိုးမရှိနဲ့ နှစ်ကြိမ်လုံး အနိုင်ရပြီး ဗိုလ်စွဲထားပါတယ်။
3 years Ago
Up