မလေးရှားမှ အင်ဒိုနီးရှားသို့ ထွက်ခွာသည့်စက်လှေ နစ်မြုပ်၊ ၁၈ ဦးထက်မနည်း သေဆုံး

A d v e r t i s e m e n t With Us

November 3, 2016

မလေးရှားမှ အင်ဒိုနီးရှားသို့ ထွက်ခွာသည့်စက်လှေ နစ်မြုပ်၊ အနည်းဆုံး လူ ၁၈ ဦး သေဆုံး

မလေးရှားနိုင်ငံကနေ အင်ဒိုနီးရှားကို ထွက်ခွာလာတဲ့ စက်လှေတစင်း နိုဝင်ဘာ ၃ ရက်နေ့က နစ်မြုပ်ခဲ့ရာမှာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးသွားတယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ မလေးရှားနိုင်ငံ ဂျိုဟောကနေ ထွက်ခွာလာတဲ့ စက်လှေဟာ အင်ဒိုနီးရှားနိုင်ငံ ဘာတမ်ကျွန်းမရောက်ခင် ရေပြင်မှာ လှိုင်းကြီးတာကြောင့် နစ်မြုပ်သွားတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ မနက် အရုဏ်တက်ချိန်လောက်မှာ စက်လှေဟာ လှိုင်းလေပုတ်တာခံရပြီး ကျောက်ဆောင်တခုနဲ့ တိုက်မိတာလို့ ဆိုပါတယ်။ စက်လှေပေါ်ပါတဲ့လူတွေဟာ အင်ဒိုနီးရှားကနေ မလေးရှားဘက်ကိုလာတဲ့ တရားမ၀င် အလုပ်သမားတွေ ဖြစ်တယ်လို့ ယူဆရပါတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင် ကျန်ရစ်တဲ့ လူတွေကို ရှာဖွေ ကယ်တင်ရာမှာ ၃၉ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
4 years Ago
Up