မလေးရှားတွင် လေမုန်တိုင်းကြောင့် မြန်မာအလုပ်သမား ၃ ဦးသေဆုံး

August 9, 2015

မလေးရှား တွင် လေမုန်တိုင်းကြောင့် မြန်မာအလုပ်သမား ၃ ဦးသေဆုံး

မလေးရှားနိုင်ငံ၊ ပီနန်ခရိုင်၊ ဘူကစ် မင်နက်ခ်အရပ်မှာ သြဂုတ် ၈ ရက်နေ့ညနေ လေးနာရီခွဲက လေမုန်တိုင်းတိုက်ခတ်မှုကြောင့် စက်ရုံအဆောက်အအုံပြိုကျပြီး မြန် မာအလုပ်သမား ၃ ဦး သေဆုံးခဲ့တယ်လို့ သည်စတားအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ သေဆုံးသူတွေဟာ အသက် ၂၀ နဲ့ ၃၀ ကြားဖြစ်ပြီး ဘူကစ်မင်နက်ခ်စက်မှုဇုန်ထဲက စက်ရုံတခုမှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေချိန် မုန်တိုင်းကြောင့် ၁၂ မီတာ အမြင့်ရှိတဲ့ အုတ်နံရံပြိုကျပြီး သေဆုံးခဲ့ကြတာပါ။ အခြားမြန်မာအလုပ်သမားတဦးကတော့ လွတ်မြောက်ခဲ့ပြီး ဒဏ်ရာအနည်း ငယ်ရရှိခဲ့ တယ်လို့ သတင်းကဆိုပါတယ်။
6 years Ago
Up