မလေးရှားတွင် လုပ်ခလစာမရသည့် မြန်မာတဦး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ

A d v e r t i s e m e n t With Us

February 11, 2016

မလေးရှားတွင် လုပ်ခလစာမရသည့် မြန်မာတဦး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ

အလုပ်ရှင်က လုပ်ခလစာမပေးတဲ့အတွက် စိတ်ပျက်နေတဲ့ မြန်မာအလုပ်သမားတဦး လည်ပင်းကိုလှီးပြီး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့တယ်လို့ မလေးရှား သည်စတားသတင်းမှာဖော်ပြပါတယ်။ အသက် ၂၄ နှစ်အရွယ် မြန်မာအလုပ်သမားဟာ ပါရာမောင့်ဂါဒန်းရှိ ပင်လယ်စာ စားသောက်ဆိုင်မှာ လအတန်ကြာ အလုပ်လုပ်ကိုင်နေခဲ့ပုံရပြီး မှန်အပိုင်းအစတခုနဲ့ လည်လှီးခဲ့တာလို့ ဆိုပါတယ်။ ပတ်တလင်းဂျာရာခရိုင် ရဲအရာရှိကတော့ ဖေဖော်ဝါရီ ၉ ရက်ည ၇ နာရီခွဲလောက်က မူတီရာယာဒါမန်ဆာရာအရပ်ရှိ ကုန်တိုက်တခုအနီး အဆိုပါ အမျိုးသားကို တွေ့ခဲ့ရတာဖြစ်ပြီး မြန်မာနိုင်ငံ မွန်ပြည်နယ် မုဒုံက ကျော်လင်းထိုက်ဆိုသူဖြစ်ကြောင်း စိစစ်တွေ့ရတယ်လို့ ပြောပါတယ်။ သူ့ကို အခင်းဖြစ်ပွားရာအနီးနားက ဆရာဝန်တဦးက ဆေးကုသပေးခဲ့ပြီး စုံစမ်း စစ်ဆေးချက်တွေအရ သူဟာ လုပ်ခလစာမရလို့ စိတ်ပျက်နေသူဖြစ်တယ်လို့လည်း ပြောပါတယ်။ လက်ရှိ ကိုကျော်လင်းထိုက်ကို ဆေးရိုပို့ဆောင် ဆေးကုသမှုပေးနေပြီး ကျန်းမာရေး ပြန်ကောင်းလာနေပြီလို့ သတင်းမှာဖော်ပြပါတယ်။
5 years Ago
Up