မလေးရှားတွင် ဖမ်းထားသူ ၆ ဦး ဘန်ကောက်ဗုံးကွဲမှုနှင့် ဆက်စပ်မှုမရှိဟု ထိုင်းပြော

A d v e r t i s e m e n t With Us

September 24, 2015

မလေးရှားတွင် ဖမ်းထားသူ ၆ ဦး ဘန်ကောက်ဗုံးကွဲမှုနှင့် ဆက်စပ်မှုမရှိဟု ထိုင်းပြော

မလေးရှားမှာ ဖမ်းဆီးထားသူ ၆ ဦးဟာ ဘန်ကောက်ဗုံးကွဲမှုနဲ့ ဆက်စပ်မှု မရှိဘူးလို့ ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရ ပရာဝပ် တ၀မ်စီရီ က ပြောပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့ ဗုံးကွဲမှုမှာ လူ ၂၀ သေဆုံးခဲ့ပြီး ဘယ်အဖွဲ့ကမှ တာဝန်ယူ ကြေညာတာ မရှိသေးပါဘူး။ မလေးရှားရဲအဖွဲ့က လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ လူ ၆ ဦးကို ဖမ်းဆီးခဲ့ပြီး ဧရာဝဏ် နတ်ကွန်း ဗုံးကွဲမှုနဲ့ ဆက်စပ်နိုင်တယ်လို့ အစောပိုင်းက ထင်ကြေးပေးခဲ့ပါတယ်။ ဒါပေမ့ယ် ထိုင်းရဲအဖွဲ့ ပြောခွင့်ရသူ ပရာဝပ်က ဖမ်းထားသူတွေနဲ့ ဗုံးကွဲမှုကြားမှာ ဆက်စပ်မှု မရှိဘူးလို့ ပြောပါတယ်။ ဒါကြောင့် သူတို့ကို ထိုင်းက လွှဲပြောင်းယူဖို့လည်း မဖြစ်နိုင်ဘူးလို့ စက်တင်ဘာ ၂၃ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ဖမ်းထားတဲ့ ၆ ဦးထဲမှာ ၄ ဦးက ၀ီဂါမွတ်စလင်တွေ ဖြစ်ပြီး ၁ ဦးကတော့ နိုင်ငံခြားသား ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းရဲအဖွဲ့က စုံစမ်းရေးအဖွဲ့က မလေးရှားကို သွားရောက် စစ်ဆေးခဲ့ပြီး ဗုံးကွဲမှုနဲ့ ပတ်သက်လို့ စပ်ဆက်မှု မရှိဘူးလို့ ကြေညာတာပါ။ ဘန်ကောက်ဗုံးကွဲမှုအတွက် ထိုင်းနိုင်ငံက အလိုရှိနေတဲ့ တရားခံ ၁၄ ဦး ရှိပါတယ်။
5 years Ago
Up